ထူးဆန်းတဲ့ အစိမ်းရောင်ကြယ်တံခွန်တစ်ခုကို လာမဲ့တစ်ပတ်အတွင်း ကမ္ဘာပေါ်ကနေမြင်တွေ့နိုင်တော့မယ်

News

နှစ်ပေါင်း (၅‌)သောင်းမှာ နေကိုတစ်ကြိမ်လှည့်ပတ်နေတဲ့ ထူးခြားတဲ့ အစိမ်းရောင်ကြယ်တံခွန်တစ်ခုဟာ လာမဲ့ရက်သတ္တပတ်အတွင်း ကမ္ဘာနဲ့အနီးဆုံးအနေအထားကိုရောက်ရှိမှာဖြစ်တယ်လို့ Express သတင်းကဖော်ပြပါတယ်။

လွန်ခဲ့တဲ့ မတ်လက နက္ခတ္တဗေဒပညာရှင်တွေရှာ‌ဖွေတွေ့ရှိခဲ့တဲ့ ဒီကြယ်တံခွန်ဟာ နေကိုနှစ်ပေါင်း ငါးသောင်းမှာတစ်ကြိမ်လှည့်ပတ်နေတာကြောင့် သူ့ရဲ့နောက်ဆုံးကမ္ဘာနဲ့အနီးဆုံးကိုရောက်ခဲ့တဲ့အချိန်ဟာ ကျောက်ခေတ်ကာလတွေအတွင်းကဖြစ်တယ်လို့လည်းသိရပါတယ်။

နေအဖွဲ့အစည်းရဲ့အပြင်ဖက်စွန်းမှာရှိတဲ့ ရေခဲတိမ်တိုက်တွေအတွင်းကထွက်ပေါ်လာတဲ့ ဒီကြယ်တံခွန်ဟာ လာမဲ့တစ်ပတ်ရဲ့ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ကမ္ဘာနဲ့အနီးဆုံးအနေအထားကိုရောက်ရှိမှာဖြစ်ပြီး၊ ကမ္ဘာကနေအကွာအဝေး 2.5 အလင်းမိနစ်( light minute) သို့မဟုတ် မိုင်ပေါင်း ၂၇သန်းခန့်အကွာကနေ ဖြတ်သန်းသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။

ဒီကြယ်တံခွန်တွေဟာ ဧရာမပတ်လမ်းတွေနဲ့ နေကိုလှည့်ပတ်နေတာဖြစ်ပြီး၊ ကမ္ဘာဦးစကဖြစ်တည်နေတဲ့ ဖုန်မှုန့်တွေနဲ့ ရေခဲတွေပါဝင်တဲ့အလုံးတွေဖြစ်ပါတယ်။ နေနဲ့နီးကပ်လာတဲ့အချိန်မှာပူနွေးလာတာကြောင့် ကြယ်တံခွန်ရဲ့မျက်နှာပြင်ကရေခဲတွေဟာ ဓါတ်ငွေ့တွေနဲ့ ဖုန်မှုန့်တွေအဖြစ်ပေါက်ကွဲထွက်ကုန်ကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် ကြယ်တံခွန်ရဲ့ပတ်ပတ်လည်မှာတိမ်ပုံစံဖြစ်စေပြီး အနောက်မှာလည်းရှယ်လျားတဲ့ ကြယ်တံခွန်အမြီးရှည်ကြီးကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့လတွေအတွင်းကတည်းက နက္ခတ္တဗေဒပညာရှင်တွေဟာ အဝေးကြည့်မှန်ပြောင်းကနေတစ်ဆင့် ကြယ်တံခွန်ရဲ့ပုံကို ရိုက်ယူခဲ့နိုင်တာဖြစ်ပြီး၊ အစိမ်းရောင်တောက်ပနေတဲ့ ကြယ်တံခွန်ဦးခေါင်းပိုင်းနဲ့ ဖုန်မှုန့်အမြီးရှည်သွယ်တန်းနေတဲ့ဓါတ်ပုံတွေကို ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။

တစ်သက်မှာတစ်ကြိမ်သာမြင်တွေ့နိုင်တဲ့ ဒီကြယ်တံခွန်ဟာ အဝေးကြည့်မှန်ပြောင်းတွေကနေအလွယ်တကူမြင်တွေ့နိုင်နေပြီဖြစ်ပြီး၊ လာမဲ့ရက်တွေအတောအတွင်း သာမန်မျက်စိနဲ့ပါမြင်နိုင်တဲ့အခြေအနေကိုရောက်ရှိလာမှာလည်းဖြစ်ပါတယ်။

ဖော်ဖော်ဝါရီ ၁ရက်နဲ့ ၂ရက်တွေအတွင်းသူ့ရဲ့အတောက်ပဆုံးပုံကိုမြင်တွေ့နိုင်မှာဖြစ်ပြီး၊ ကမ္ဘာ့တောင်ဖက်နဲ့မြောက်ဖက်ခြမ်းတွေကနေ ညဖက်ကောင်းကင်ယံမှာမြင်တွေ့နိုင်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မနက်အာရုံမတက်မီအချိန်တွေမှာအကောင်းဆုံးမြင်တွေ့နိုင်တာဖြစ်ပြီး ဇန်နဝါရီလကုန်ပြီးနောက်မှာတေ့ ညနေနေဝင်ချိန်တွေကစပြီး လွယ်ကူစွာမြင်တွေ့နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ Crd

Zawgyi

ထူးဆန်းတဲ့ အစိမ်းရောင်ကြယ်တံခွန်တစ်ခုကို လာမဲ့တစ်ပတ်အတွင်း ကမ္ဘာပေါ်ကနေမြင်တွေ့နိုင်တော့မယ်

နှစ်ပေါင်း (၅‌)သောင်းမှာ နေကိုတစ်ကြိမ်လှည့်ပတ်နေတဲ့ ထူးခြားတဲ့ အစိမ်းရောင်ကြယ်တံခွန်တစ်ခုဟာ လာမဲ့ရက်သတ္တပတ်အတွင်း ကမ္ဘာနဲ့အနီးဆုံးအနေအထားကိုရောက်ရှိမှာဖြစ်တယ်လို့ Express သတင်းကဖော်ပြပါတယ်။

လွန်ခဲ့တဲ့ မတ်လက နက္ခတ္တဗေဒပညာရှင်တွေရှာ‌ဖွေတွေ့ရှိခဲ့တဲ့ ဒီကြယ်တံခွန်ဟာ နေကိုနှစ်ပေါင်း ငါးသောင်းမှာတစ်ကြိမ်လှည့်ပတ်နေတာကြောင့် သူ့ရဲ့နောက်ဆုံးကမ္ဘာနဲ့အနီးဆုံးကိုရောက်ခဲ့တဲ့အချိန်ဟာ ကျောက်ခေတ်ကာလတွေအတွင်းကဖြစ်တယ်လို့လည်းသိရပါတယ်။

နေအဖွဲ့အစည်းရဲ့အပြင်ဖက်စွန်းမှာရှိတဲ့ ရေခဲတိမ်တိုက်တွေအတွင်းကထွက်ပေါ်လာတဲ့ ဒီကြယ်တံခွန်ဟာ လာမဲ့တစ်ပတ်ရဲ့ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ကမ္ဘာနဲ့အနီးဆုံးအနေအထားကိုရောက်ရှိမှာဖြစ်ပြီး၊ ကမ္ဘာကနေအကွာအဝေး 2.5 အလင်းမိနစ်( light minute) သို့မဟုတ် မိုင်ပေါင်း ၂၇သန်းခန့်အကွာကနေ ဖြတ်သန်းသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။

ဒီကြယ်တံခွန်တွေဟာ ဧရာမပတ်လမ်းတွေနဲ့ နေကိုလှည့်ပတ်နေတာဖြစ်ပြီး၊ ကမ္ဘာဦးစကဖြစ်တည်နေတဲ့ ဖုန်မှုန့်တွေနဲ့ ရေခဲတွေပါဝင်တဲ့အလုံးတွေဖြစ်ပါတယ်။

နေနဲ့နီးကပ်လာတဲ့အချိန်မှာပူနွေးလာတာကြောင့် ကြယ်တံခွန်ရဲ့မျက်နှာပြင်ကရေခဲတွေဟာ ဓါတ်ငွေ့တွေနဲ့ ဖုန်မှုန့်တွေအဖြစ်ပေါက်ကွဲထွက်ကုန်ကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် ကြယ်တံခွန်ရဲ့ပတ်ပတ်လည်မှာတိမ်ပုံစံဖြစ်စေပြီး အနောက်မှာလည်းရှယ်လျားတဲ့ ကြယ်တံခွန်အမြီးရှည်ကြီးကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့လတွေအတွင်းကတည်းက နက္ခတ္တဗေဒပညာရှင်တွေဟာ အဝေးကြည့်မှန်ပြောင်းကနေတစ်ဆင့် ကြယ်တံခွန်ရဲ့ပုံကို ရိုက်ယူခဲ့နိုင်တာဖြစ်ပြီး၊ အစိမ်းရောင်တောက်ပနေတဲ့ ကြယ်တံခွန်ဦးခေါင်းပိုင်းနဲ့ ဖုန်မှုန့်အမြီးရှည်သွယ်တန်းနေတဲ့ဓါတ်ပုံတွေကို ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။

တစ်သက်မှာတစ်ကြိမ်သာမြင်တွေ့နိုင်တဲ့ ဒီကြယ်တံခွန်ဟာ အဝေးကြည့်မှန်ပြောင်းတွေကနေအလွယ်တကူမြင်တွေ့နိုင်နေပြီဖြစ်ပြီး၊ လာမဲ့ရက်တွေအတောအတွင်း သာမန်မျက်စိနဲ့ပါမြင်နိုင်တဲ့အခြေအနေကိုရောက်ရှိလာမှာလည်းဖြစ်ပါတယ်။ ဖော်ဖော်ဝါရီ ၁ရက်နဲ့ ၂ရက်တွေအတွင်းသူ့ရဲ့အတောက်ပဆုံးပုံကိုမြင်တွေ့နိုင်မှာဖြစ်ပြီး၊ ကမ္ဘာ့တောင်ဖက်နဲ့မြောက်ဖက်ခြမ်းတွေကနေ ညဖက်ကောင်းကင်ယံမှာမြင်တွေ့နိုင်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မနက်အာရုံမတက်မီအချိန်တွေမှာအကောင်းဆုံးမြင်တွေ့နိုင်တာဖြစ်ပြီး ဇန်နဝါရီလကုန်ပြီးနောက်မှာတေ့ ညနေနေဝင်ချိန်တွေကစပြီး လွယ်ကူစွာမြင်တွေ့နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ Crd

Leave a Reply

Your email address will not be published.