ဘိုင်ဒန် အကူညီ စပေးပြီ

News









ဘိုင်ဒန် အကူညီ စပေးပြီ !!!!

ပိုလန်ကို ပို့ဆောင်ထားသော အမေရိကန်၏ နာမည်ကျော် လေကြောင်းချီတပ်ဖွဲ့ဖြစ်တဲ့ 82nd Airborne တပ်ကို ယူကရိန်းနယ်စပ်ကို ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

ထိုတပ်ဖွဲ့ဟာ ဒုတိယကမ္ဘာစစ်ရဲ့ ကမ္ဘာကျော် ပြင်သစ်နိုင်ငံက နော်မန်ဒီကမ်းတက်တိုက်ပွဲမှာ ကမ်းတက်ခဲ့တဲ့ တပ်ဖြစ်ပါတယ်။

စစ်ပွဲထဲ ပါဝင်ဖို့ထက် ယူကရိန်းကို အကူအညီတွေ ပေးပို့ဖို့လို့ သိရပါတယ်။ အမေရိကန်ရဲ့ Bomber လေယာဉ်တွေကလဲ ပိုလန်အပါအဝင် NATO အရှေ့တကျောမှာ ကင်းလှည့်ပျံသန်းနေပါတယ်။

NATO အနေနဲ့ ကိုယ်တိုင်ဝင်တိုက်ဖို့ မရှိသေးဘူးလို့လဲ သိရပါတယ်။ ငွေကြေးနဲ့ စစ်လက်နက် အကူအညီပဲ ပေးနေဦးမှာဖြစ်ပါတယ်။

ဘိုင်ဒန်ကတော့ အိမ်ဖြူတော် Situation Room မှာ သူ့ရဲ့ security team နဲ့ ဆွေးနွေးနေဆဲဖြစ်ပြီး မကြာခင် ကြေညာမှုတခု လုပ်မယ်လို့ သိရပါတယ်။

အမေရိကန်ရဲ့ အစွမ်းအထက်ဆုံး လေယာဉ်တင်သင်္ဘောအုပ်စုကြီးတွေ တခုမှ ချီတက်မလာသေးတာကို ကြည့်ခြင်းဖြင့် အမေရိကန်က လက်ရှိအထိ ဝင်တိုက်ဖို့ အစီအစဉ် မရှိသေးပါဘူး။

ဝင်တိုက်ရင်လဲ ရုရှားနဲ့ အဆုံးထိ သွားရမှာမို့ ကမ္ဘာတခုလုံးနဲ့ ယူကရိန်းကို လဲဖို့ သူတို့ မစဉ်းစားသေးပုံရပါတယ်။







 


Crd

Leave a Reply

Your email address will not be published.