သူ့ မိန်းမ ကြူကြူလှကို အနစ် နာခံသူ ဆရာမလို့ စစ်ခေါင်းဆောင် ချီးမွှန်း

News

အကြမ်းဖက် စစ်ကောင်စီရဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ကျင်းပ ပြုလုပ်ခဲ့တဲ့ အလွတ်သဘော အစည်းအဝေးမှာ သူ့ မိန်းမ ကြူကြူလှကို အနစ် နာခံသူ ဆရာမလို့ အမွှန်းတင် ချီးမွမ်း ခန်း ဖွင့်ခဲ့ တယ်လို့ စစ်ကောင်စီ အဖွဲ့ဝင် ကောင်စီဝင်တစ်ဦးက သို့ ပြောဆိုကြောင်း ရန်ကုန် ခေတ် သစ်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ- စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မိန်းမ ကြူကြူလှ
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ဗိုလ်ရှုခံ အခမ်းအနားအပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီမှာ စစ်ကောင်စီရုံးအစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ စစ် ကောင်စီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပြီး ကောင်စီဝင် ရာပြည့်နဲ့ ရဲဝင်းဦး ကတော့ ခရီးလွန်နေလို့ မတက်ရောက်နိုင်ခဲ့ပါဘူး။

ဒါ့အပြင် မင်းအောင်လှိုင် ပူပူနွေနွေးခန့်ထားတဲ့ ရန်ကုန် တိုင်းဝန်ကြီးချုပ် ခန့် ထား တဲ့ စိုးသိန်းလည်း ကျန်းမာရေး မကောင်းလို့ အဲဒီအစည်းအဝေးကို မ တက်ရောက်နိုင်ခဲ့ပါဘူး။

အစည်းအဝေးအဖွင့်မှာ မင်းအောင်လှိုင်က ဗိုလ်ရှုသဘင်အောင်မြင်လို့ဆိုပြီး ပျော်ရွှင် မြူးတူးနေတယ်လို့ စစ်ကောင်စီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ- စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မိန်းမ ကြူကြူလှ
“၁၂ ရက်နေ့ ဗိုလ်ရှုသဘင်ပွဲ အောင်မြင်တာကို သူအရမ်းပျော်နေတာ။ ဝင်လာ တဲ့ သူတွေလည်း အစည်း အဝေးခန်းထဲကို တရင်းတနှီးလိုက်နှုတ်ဆက်တယ်။ ပျော် နေတာ။ သူ့ကို ၀ိုင်းပြီး ဝေဖန်ကြတယ်ပေါ့။ ဒီပွဲအောင်မြင်မှာ မဟုတ် ဘူး ပြောတယ်ပေါ့။ ဒါကို သူအောင်မြင်အောင်လုပ်နိုင်တယ်။ ဒီပွဲအောင်မြင်လို့ တိုင်း ပြည်ကံကြမ္မာကောင်းလာပြီလို့ သူယုံကြည်တယ်ဆိုတာ ထည့်ပြောတယ်။ ဒီပွဲကြီးက ခမ်းနားတယ်။ သမိုင်းမှတ်ကျောက်လည်း တင်သွားပြီ ပြောတယ်။ ဧည့်ပရိသတ်မပါဘဲ ဝန်ထမ်း ၁၀၄၀၈ ဦးနဲ့ အရမ်းခမ်းနားကြီးကျယ်တယ်ပေါ့။ စမြုံ ပြန်တာပေါ့” ဟု ကောင်စီဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် သူ့မိန်းမ ကြူကြူလှ ဆရာမကိုလည်း အနစ်နာခံတတ်သူ ဆရာမ အဖြစ် မင်းအောင်လှိုင်ကအစည်း အဝေးမှာ ချီးကျူးသွားတယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်က ဇနီးကို ချီးမွန်းခန်းဖွင့်ရာမှာ သူ့ဇနီးကြူကြူလှက ကျောင်း ဆရာမ ဖြစ်ကြောင်း၊ ဆရာဆိုတာ ဝါသနာ၊ စေတနာ၊ အနစ်နာ နာ ၃ နာ အလုပ် လုပ်သူဖြစ်ကြောင်း၊ ကြူကြူလှဟာ စာသင်တာ ဝါ သနာပါသူဖြစ်ပြီး မဟာဘွဲ့တန်း တက်ကတည်းက အချိန်ပိုင်း နည်းပြ အဖြစ် လုပ်သား ကော လိပ်မှာ ကျောင်း ဆရာမ လုပ်ခဲ့ကြောင်း၊ သူ တပ်ရင်းမှူးဖြစ်ချိန်မှာ အလုပ် ထွက်ခိုင်းလိုက်လို့ သူ့ကို အလေးထား၍ အလုပ်ထွက်တာဖြစ်ကြောင်း၊ ကြူကြူ လှက အလုပ်မထွက်ချင်ဘူးလို့ သူ့ကို တဖွဖွ ပြောကြောင်း၊ အခုဆိုရင် ကြူကြူ လှ တပည့်တွေ ပါမောက္ခချုပ်တွေပင် ဖြစ်နေပြီဖြစ်ကြောင်း၊ ကြူကြူလှကဲ့သို့ သော ဆရာမများဟာ အနစ်နာခံ လုပ်ခဲ့သူများဖြစ်တာကို ပြောချင်ကြောင်း မင်း အောင်လှိုင်က ပြောဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ- စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မိန်းမ ကြူကြူလှ
မင်းအောင်လှိုင်က သူ့အနေနဲ့ ပုံမှန် Online သုံးကြောင်း၊ မြိုင်မြို့မှ ကျောင်း ဆရာမ တစ်ဦး အသတ်ခံရတဲ့ သတင်းကို သူ၏ အသိမိတ်ဆွေက အွန်လိုင်းမှ ပေးပို့လာကြောင်း၊ သတင်းမှန်၊ မမှန် မသိပေမယ့် စိတ်မကောင်းဖြစ်ရကြောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်း အဲဒီသတင်းကို ဖတ်ပြီး စိတ်မ ကောင်း ဖြစ်ရကြောင်း ထည့် သွင်းပြောဆိုသွားခဲ့ပါတယ်။

လက်နက်ကိုင် ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းရှိ ဒေသအချို့တွင် စစ်သားများက ပစ်ခတ်၊ နေအိမ်များကို မီးရှို့နေချိန် ဖေဖော်ဝါရီ ၁၀ ရက်တွင် ၎င်းတို့၏ ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ဇာတိမြေ၌ စေတီတစ်ဆူ ထီးတင်၍ လက်သီးလက်မောင်းတန်း ဟစ်ကြွေးနေခဲ့သည်ဟု သိရပါတယ်။

ကိုယ့်ရာထူးသက်တမ်းကို ကိုယ်တိုင်တိုးထားသည့် ၆၅ နှစ်အရွယ် စစ်ခေါင်းဆောင်က သူမွေးဖွားရာဒေသ မကွေးတိုင်း မင်းဘူးမြို့နှင့် ၁၃ မိုင်ခန့် ဝေးသည့် ပွင့်ဖြူမြို့နယ်၊ သက်သာပန်းတောင်းရွာငယ်လေးတွင် နှစ်များမကြာသေးမီက တည်ထားသည့် စေတီတစ်ဆူကို မွမ်းမံ၊ ဘွဲ့အမည်ပြောင်းကာ ထီးနှင့် စိန်ဖူးတော်အသစ်တင်သည့် အခမ်းအနားကို စစ်တပ်၏ ရုပ်သံသတင်း၌ မြင်တွေ့ရခြင်းဖြစ်သည်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ သက်သာပန်းတောင်းရွာတွင် ဖေဖော်ဝါရီ ၁၀ ရက်က စေတီတစ်ဆူ ထီးတော်တင်လှူပြီးနောက် အင်းကွက်ပါ မြေစိုက်ပလ္လင်တစ်ခုကို အမွှေးနံ့သာ ပက်ဖျန်းနေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် နှင့် ဇနီး။ ဓာတ်ပုံ−စစ်ကောင်စီ
“သက်သာပန်းတောင်းဘုရားကို ဆက်ကြာချင်လို့ စကြာပန်းတောင်လို့ သမုတ်ပြီး ထီးတင်တာ”ဟု မြန်မာနိုင်ငံအလယ်ပိုင်းတွင် နေထိုင်ပြီး လုပ်သက် နှစ် ၂၀ ခန့်ရှိသည့် အသက် ၅၀ အရွယ် ဗေဒင်ပညာရှင်တစ်ဦးက မှတ်ချက်ပြုသည်။

ယခင် အာဏာသိမ်းဗိုလ်ချုပ်ကြီးများက ဗေဒင်ကိန်းခန်းအရ ၉ ဂဏန်းကို အလေးထားသလို ယခု စစ်ခေါင်းဆောင်ကလည်း သူ့ဇာတိမြေတွင် ငွေကုန်ကြေးကျများသော အဆိုပါဘာသာရေးအခမ်းအနားကြီးတစ်ခုကို ပြလုပ်ခြင်းဖြစ်သည်။ ဤသို့ဖြင့် ဗိုလ်ချုပ်ကြီးများ ဗေဒင်၊ ယတြာ ရူးသွပ်မှုအတိုင်းအဆ မည်မျှရှိသည်ကို အာဏာသိမ်း စစ်ခေါင်းဆောင်က အများသိ ထုတ်ဖော်ပြသလိုက်သည်။

ထိုစေတီ ထီးတော်တင်ပြီး နောက်နှစ်ရက်အကြာ နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ယတြာနှင့် ဓာတ်ရိုက်၊ ဓာတ်ဆင် အယူအဆများ စစ်ဗိုလ်ချုပ်များထံ မည်မျှလွှမ်းမိုးနေသည်ကို ထပ်မံ၍ တွေ့ရသည်။

Facebook တွင် ပေါက်ကြားခဲ့သည့် စစ်ကောင်စီ၏ ညွှန်ကြားစာပါအတိုင်း ထိုအခမ်းအနား၌ စစ်ခေါင်းဆောင်နှင့် အစိုးရအဖွဲ့ဝင်များ ချိတ်လုံချည်၊ ပုံတော်ဖိနပ်တို့ ဝတ်ဆင်သည်ကို တွေ့ရသည်။ ထိုသို့ ဝတ်စားဆင်ယင်မှုကို အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင်လည်း မြင်ခဲ့ရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မိန်းမ ကြူကြူလှ
” ချိတ်ထားပြီးရင် မကွာကျဘူးပေါ့။ ပထမဦးဆုံး အခါပေးလိုက်သူက ဗေဒင်ဆရာ နေလိမ့်မယ်။ နောက်တော့ ဘုန်းကြီးက ကြွလာပြီးတော့ ချိတ်ပါထည့်ပြီးတော့ ကိုယ့်အောက်ထဲမှာ ပုံကျသွားအောင် ပုံတော်ဖိနပ်စီးခိုင်းပေါ့လေ။ အဲဒီလိုမျိုး ”ဟု အထက်ပါ ဗေဒင်ဆရာကပြောဆိုကြောင်း မြန်မာနောင်း သတင်းမှာ ဖော်ပြထားသည်။

အာဏာသိမ်းသည့် လုပ်ရပ်ကို လက်မခံနိုင်၍ တပ်မှထွက်သူ တိုးလာနေချိန်၊ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံမှုများ နိုင်ငံအနှံ့ မြင့်တက်နေချိန်တွင်​ စစ်ခေါင်းဆောင်က သူ၏ ယတြာရူးမှုအတွက် ငွေများစွာသုံးစွဲနေသည်ကို တပ်အသိုင်းအဝိုင်းအတွင်း စိတ်ပျက်နေကြသည်ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

“ အခု သူ့အထဲက လူတွေကတောင် တိုင်းပြည်အပေါ် တကယ်ကောင်းစေချင်ရင် ဒီငွေတွေကို ပြည်သူတွေအတွက် တစ်ခုခုလုပ်ပေးရင်တောင် သူ့ကို အမြင်ကြည်လာမယ်လို့ ပြောနေကြတယ် ”ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် ၎င်းက ဆိုသည်။

crd

Leave a Reply

Your email address will not be published.