NEWS
အာဆီယံနဲ့ မြန်မာနစကစစ်ကောင်စီ ရှေ့ဆက် ဘယ်လိုနှစ်ပါးသွားမလဲ ဆိုတာ
February 22, 2022 – by Admin – Leave a Comment
အာဆီယံနဲ့ မြန်မာနစကစစ်ကောင်စီ ရှေ့ဆက် ဘယ်လိုနှစ်ပါးသွားမလဲ ဆိုတာ
အာဆီယံအနေနဲ့အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့မြန်မာနိုင်ငံကိုအာဆီယံထိပ်သီးအစည်း အဝေး အပါ အဝင်ဆက်စပ် အစည်းအဝေးများနှင့်နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးများကိုဖိတ်ကြားခြင်းမပြုဘဲဒဏ်ခတ်ထားခဲ့တာယခုဆိုလျှင်တစ်နှစ်ဆိုသောအချိန်ကာလနီးပါးသို့ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။




ယခင်ကကုလသမဂ္ဂဆိုင်ရာကိစ္စရပ်များအပါအဝင်နိုင်ငံတကာအရေးကိစ္စအတော်များများမှာမြန်မာနိုင်ငံဘက်မှရပ်တည်ပေးခဲ့တဲ့အရှေ့တောင်အာရှနိုင်ငံများအသင်းခေါ်အာဆီယံအနေနဲ့မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့၂၀၂၀ခုနှစ် ရွေးကောက်ပွဲရလာဒ်များကိုမဲမသမာမှုအကြောင်းပြ၍ပယ်ဖျက်ပြီး
နိုင်ငံတော်သမ္မတနှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင်အစိုးရအဖွဲ့ရဲ့ထိပ်တန်းခေါင်းဆောင်များ ၊အာဏာ ရနိုင်ငံရေးပါတီမှခေါင်းဆောင်များ နဲ့ ထင် ပေါ်ကျော်ကြားသူများကိုဖမ်းဆီးထိန်းသိမ်းကာနိုင်ငံ တော် အာဏာကိုရယူခဲ့တဲ့အချိန်ကစလို့
မြန်မာ အပေါ် ထားရှိတဲ့သဘောထားနှင့်ရပ်တည်ချက်ကသိသာစွာ ပြောင်းလဲသွားခဲ့ပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာကိုသိမ်းယူပြီးနောက်အာဏာသိမ်းမှုကိုလက်မခံသည့်ပြည်သူများ၏ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ပြီးစစ်တပ်ရဲ့လုံခြုံရေးအဖွဲ့များကအကြမ်းဖက်ဖြိုခွင်းနှိမ်းနင်းသတ်ဖြတ်မှုများနှင့်




ရိုက်နှက်ဖမ်းဆီးမှုများပြုလုပ်ခဲ့တာကြောင့်မြန်မာ့နိုင်ငံရေးအခြေအနေမှာပိုမိုဆိုးရွားလာခဲ့ပါတယ်။ထို့နောက်မြန်မာ့ အရေး နဲ့ပတ်သတ်လို့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့်အရေးပေါ်အစည်းအဝေးကိုအင်ဒိုနီးရှားနိုင်ငံမှာကျင်းပခဲ့ပြီးနောက်ဆက်တိုက်ဆိုသလို၂၀၂၁ခုနှစ်၊
ဧပြီလမှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာ တော့အာဏာ သိမ်းစစ်ခေါင်းဆောင်ကိုဖိတ်ခေါ်ခဲ့တဲ့အတွက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့နစကစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်သွား တက်ရောက်ခဲ့ပါတယ်။
ယင်းအစည်းအဝေးမှာအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကဘုံသဘောတူညီထားတဲ့အတိုင်းမြန်မာ့အရေးဆိုင်ရာအာဆီယံဘုံသဘောတူညီချက်ငါးချက်ကိုထုတ်ပြန်ခဲ့ပြီးထိုအစည်းအဝေးကိုတက်ရောက် ခဲ့တဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်က
ယင်းသဘောတူညီချက်များကိုလိုက်နာအကောင်အထည်ဖော်ပါမယ်လို့ကတိပြုပြောဆိုခဲ့ပါတယ်။သို့သော်လည်းမင်းအောင်လှိုင်အနေနဲအဆိုပါအစည်းအဝေးပွဲအပြီးမြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသည့်အချိန်မှစတင်၍၎င်းကိုယ်တိုင်လိုက်နာပါမည်ဟုကတိပြုခဲ့သော
အာဆီယံဘုံသဘောတူညီချက်ကိုလိုက်နာအကောင်အထည်ဖော်ရန်ပျက်ကွက်ခဲ့တဲ့အပြင်အာဆီယံအလှည့်ကျဥက္ကဌနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများကရွေးချယ်အတည်ပြုခန့်အပ်ထားတဲ့မြန်မာ့အရေးဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်၏မြန်မာနိုင်ငံခရီးစဉ်၌တွေ့ဆုံခွင့်ပြုရန်အဆိုပြုထားသည့်




ပုဂ္ဂိုလ်များနှင့်အဆင်ပြေချော့မွေ့စွာတွေ့ဆုံခွင့်မပြုခြင်းစတဲ့အခြေအနေများကြောင့်အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့မြန်မာနိုင်ငံသို့လာရောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။ထိုအကျိုးဆက်ရဲ့နောက်ဆက်တွဲအနေဖြင့်မြန်မာကိုအာဆီယံထိပ်သီးအစည်းအဝေးပွဲများအပါအဝင်
ဆက်စပ်အစည်းအဝေးပွဲများနှင့်နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးများသို့တက်ရောက်ရန် မြန်မာနိုင်ငံမှနစက စစ်ကောင်စီအားဖိတ်ကြားခြင်းမပြုခဲ့ပါဘူး။ထိုကဲ့သို့အစည်းအဝေးများတက် ရောက်ရန်ဖိတ်ကြားခြင်းမပြုခဲ့ တာကယခုဆိုလျှင်အာဆီယံအလှည့်ကျဥက္ကဌနှစ်ဦးပြောင်းလဲသွားသည်အထိပဲဖြစ်ပါတယ်။
လက်ရှိအာဆီယံအလှည့်ကျဥက္ကဌကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်လက်ထက်မှာမြန်မာမှနစကစစ်ကောင်စီခေါင်းဆောင်ပိုင်းအနေနဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ် နှင့်ယခင်က တည်းကရင်းနှီးကျွမ်းဝင်မှုရှိခြင်း၊ကမ္ဘောဒီးယား ဝန်ကြီးချုပ်အနေနဲ့မြန်မာမှနစကခေါင်းဆောင်များ




အားအာဆီယံအစည်းအဝေးတက်ရောက်ခွင့်မပြုခြင်း အား မနှစ်သက်ခြင်း၊ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကိုယ်တိုင်မြန်မာသို့နစကစစ်ကောင်စီလက်ထက်၌ ပထမဆုံး အကြိမ်လာရောက်လည်ပတ်ခဲ့ခြင်းစသောအခြေအနေများကြောင့်ဟွန်ဆန်အနေဖြင့်
အာဆီယံအလှည့်ကျဥက္ကဌ ရာထူးကိုအသုံးပြုကာမြန်မာနစကစစ်ကောင်စီခေါင်းဆောင်များအားအာဆီယံအစည်းအဝေးပွဲများနှင့်ဆွေးနွေးပွဲများသို့တက်ရောက်ခွင့်ပေးမည်လားဆိုသည့်စိုးရိမ်မှုများကမြန်မာနိုင်ငံရှိပြည်သူများအကြားတွင်သာမကအာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့မြန်မာ့အရေးကိုစိတ်ဝင်တစားစောင့်ကြည့်နေကြသောမိတ်ဖက်နိုင်ငံများအကြားမှာရှိနေခဲ့တယ်လို့သိရပါတယ်။
ထို့အပြင်ဟွန်ဆန်၏မြန်မာနိုင်ငံခရီးစဉ်အတွင်းနစကစစ်ကောင်စီခေါင်းဆောင်နှင့်တွေ့ဆုံစဉ်အာဆီယံဘုံသဘောတူညီချက်အားအမြန်ဆုံးလေးစားလိုက်နာအ ကောင်အထည်ဖော်ရန်နှင့်အာဆီယံအထူးကိုယ်စားလှယ်ကိုမြန်မာနိုင်ငံသို့ဝင်ရောက်ခွင့်ပြုရေးနှင့်




တွေ့ဆုံလိုသည့်ပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့်တွေ့ဆုံခွင့်ပြုရေးဆွေးနွေးညှိနှိုင်းခဲ့သလိုနစကစစ်ကောင်စီခေါင်းဆောင်ဖြစ်သူဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှအာဆီယံဘုံသဘောတူညီချက်ငါးချက်နှင့်နစကစစ်ကောင်စီမှချမှတ်ထားသောလမ်းညွှန်မြေပုံငါးချက်မှာဆင်တူကြောင်း၊နစကစစ်ကောင်စီအနေဖြင့်
၂၀၂၂ခုနှစ် နှစ်ကုန်အထိ အပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။ဟွန်ဆန်ရဲ့မြန်မာခရီးစဉ်အပြီးမှာကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နိုးလင်း ဟေဇာကဟွန်ဆန်နဲ့ဗီဒီယိုကွန်ဖရင့်မှတဆင့်ဆက်သွယ်၍
မြန်မာအားအာဆီယံဘုံသဘောတူညီချက်ငါးချက်အမြန်ဆုံးလိုက်နာအကောင်အထည်ဖော်စေရေးနှင့်အာဆီယံအထူးကိုယ်စားလှယ်စေလွှတ်ရာတွင်တွေ့ဆုံရန်အဓိကကျသူများနှင့်တွေ့ဆုံနိုင်ရေးတို့အတွက်အလေးအနက်တိုက်တွန်းပြောဆိုခဲ့တယ်လို့သိရပါတယ်။
သို့သော်တစ်နိုင်ငံလုံးတွင်၂၀၂၂ခုနှစ်နှစ်ကုန်ပိုင်းအထိအပစ်ရပ်မည်ဟုပြောဆိုခဲ့သည့်မြန်မာ့ တပ်မတော်အနေဖြင့် မကွေး၊စစ်ကိုင်း၊ချင်း၊ကယား၊ကရင်၊တနင်္သာရီစသောဒေသများ၌ ထိုးစစ်ဆင်တိုက်ခိုက်မှုများသာမက နိုင်ငံရေးအရအယူအဆမတူသူများကိုပါအကြမ်းဖက်နှိမ်နင်းမှုများကို




ဆက်လက်ပြုလုပ်လျှက်ရှိနေခြင်း များနှင့်အတူ အာဆီယံဘုံသဘောတူညီချက်များကိုအကောင်အထည်ဖော်ရန်ပျက်ကွက်နေခြင်းများကြောင့် ကမ္ဘောဒီးယားနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်
အစည်းအဝေးများသို့မြန်မာအားတက်ရောက်ခွင့်မပြုရန်အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုမှခေါင်းဆောင်များကအလှည့်ကျအာဆီယံဥက္ကဌဖြစ်သူဟွန်ဆန်ထံသို့ဆက်သွယ်တိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။
ထိုအတွက်မြန်မာနစကစစ်ကောင်စီမှနိုင်ငံခြားရေးဝန်ကြီးဖြစ်သူအားအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့တက်ရောက်ရန်ဖိတ်ကြားခြင်းမပြုခဲ့ဘဲနိုင်ငံရေးနယ်ပယ်မှမဟုတ်သူတစ်ဦးကိုသာမြန်မာကိုယ်စားပြုတက်ရောက်ရန်ဖိတ်ကြားခဲ့ပါတယ်။




ထိုသို့ဖိတ်ကြားချက်နဲ့ပတ်သတ်၍နစကစစ်ကောင်စီ ၏နိုင်ငံခြားရေးဝန်ကြီးဌာနကယင်းအစည်းအဝေးသို့တက်ရောက်မည်မဟုတ်သည့်အပြင်နိုင်ငံရေးနယ်ပယ်မှမဟုတ်သူကိုလည်းတက်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ခဲ့ပါတယ်။
သို့ရာတွင်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့်ဆွေးနွေးပွဲနှင့်ဆက်စပ်ဆွေးနွေးပွဲသို့မတက်ရောက်ဟုနစကစစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သော်လည်းအာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့နစကစစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီးဌာနမှ
အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးအနေဖြင့်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။နစကစစ်ကောင်စီအားကမ္ဘောဒီးယားမှအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲနှင့်အစည်းအဝေးသို့မြန်မာနစကစစ်ကောင်စီအား တက်ရောက်ခွင့်မပြုရန်တိုက်တွန်းခဲ့သူတစ်ဦးဖြစ်သည့်
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဘာလာခရစ်ရှန်နန်က မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ အာဆီယံဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်ဖို့ပျက်ကွက်နေခြင်းကအလွန်စိတ်ပျက်စရာကောင်းတဲ့အခြေအနေပါလို့ပြောပါတယ်။




ဆက်လက်၍၎င်း က” အာဆီယံအနေနဲ့အာဆီယံပဋိဉာဏ်အရမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက် ခြင်းပြုမှာမဟုတ်ပေမယ့်တပ်မတော်ကမြန်မာနိုင်ငံနှင့်မြန်မာပြည်သူများအပေါ်ကျူးလွန်နေတဲ့အကြမ်းဖက်မှုလုပ်ရပ်တွေအတွက်တော့ကျွန်တော်တို့အနေနဲ့သူတို့ကို
တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုမှာမဟုတ်ပါဘူး။ဒါပေမယ့်မြန်မာကအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်နေတဲ့အတွက်နိုင်ငံတကာသဘောတူညီချက်တွေ၊မြန်မာနိုင်ငံ ကိုယ် စား လက်မှတ်ရေးထိုးမယ့်သူတွေနဲ့မြန်မာနိုင်ငံက အာဆီယံနဲ့ပတ်သတ်လို့အကျိုးခံစားခွင့်ရှိ/မရှိဆိုတဲ့ကိစ္စရပ် တွေနဲ့ပတ်သတ်လို့
ဒေသတွင်းဆိုင်ရာနိုင်ငံများရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအနေနဲ့ဒီပြသနာတွေကိုပြေလည်အောင် ဖြေရှင်းရမယ့်တာဝန်ရှိပါတယ်။ဒါတွေဟာနိုင်ငံတကာဥပဒေကြောင်းအရအဖွဲ့ဝင်နိုင်ငံတွေ အားလုံးကို ဖြေရှင်းရမယ့်သိမ်မွေ့နက်နဲတဲ့ကိစ္စရပ်လည်းဖြစ်ပါတယ်။




ဒီဟာတွေကအရေးကြီးတယ်လို့ဆိုပေမယ့် လည်း အာဆီ ယံဟာ အဖွဲ့ဝင်ငံတစ်ခုကြောင့်အာဆီယံရဲ့ကြီးမားတဲ့ပုံရိပ်ကိုမထိခိုက်စေဖို့ကပိုလို့အရေးကြီးပါတယ်။အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ မတည်ငြိမ်တဲ့အနေအထားကြောင့်အာဆီယံရဲ့လုပ်ဆောင်စရာရှိတာ တွေကရပ်တန့်သွားမှာ မဟုတ်ဘဲ
ဆက်လက်လုပ်ဆောင်သွားရ မှာသာဖြစ်ပါတယ်။ကျွန်တော်တို့က နိုင်ငံရေး ကိုယ်စား လှယ်တွေကို မဖိတ်ကြားဘူးလို့ ပြောထားပေမယ့် လက်ရှိ တပ်မတော် အာဏာပိုင်တွေကို ကျွန်တော်တို့ အစည်းအဝေးတွေ ကနေ ဖယ်ထုတ်ထားတာမျိုးတော့ မရှိသေးပါဘူး၊
ဒီနေ့တောင်သူတို့ဖက်က ဖုန်းခေါ်ဆိုလို့ကျွန်တော်တို့ အစည်းအဝေးတွေကိုသူတို့ဖက်ကအမြဲတမ်းအတွင်းဝန်တက်ခွင့်ရတယ်။ဒါပေမယ့်ကျွန်တော်တို့ အာဆီယံ နိုင်ငံခေါင်းဆောင်တွေသဘောတူညီထားတဲ့ဘုံသဘောတူညီချက်ငါးချက်ကိုလိုက်နာအကောင်အထည်ဖော်ပါမယ်လို့




ကတိပြုခဲ့တာတစ်နှစ်တိတိကြာခဲ့ ပေမယ့်အခုထိ အကောင်အ ထည် ဖော်မှုပျက်ကွက်နေတာနဲ့တိုးတက် မှုတစုံတရာမှမရှိတာကတော့လွန်စွာစိတ်ပျက်ဖို့ကောင်းပါတယ်” လို့ထပ်မံပြောပါတယ်။
ယင်းအပြင်အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊မလေးရှား၊ဘရူနိုင်း၊စင်္ကာပူအစရှိသောအာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေနဲ့ မြန်မာနိုင်ငံသို့အာဆီယံအထူးကိုယ်စားလှယ်စေလွှတ်ရာတွင်NUGအပါအဝင်တွေ့ဆုံရန်အဓိကကျသည့်သူများနှင့်တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း
ကမ္ဘော ဒီးယားနိုင်ငံ ခြားရေး ဝန်ကြီးဖြစ် သူ ကိုအာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးတွင်တိုက်တွန်းပြောဆိုခဲ့တယ်လို့သိရပါတယ်။ထို့အတူအာဆီယံအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခံထားရသည့်ကမ္ဘောဒီးယား ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီးဖြစ်သည့် ပရတ်ဆိုခွန်းက




သူ့အနေဖြင့် မတ်လအတွင်း သွားရောက်မည့်မြန်မာနိုင်ငံခရီး စဉ်အ တွင်း နစကစစ်ကောင်စီမှဖမ်းဆီးထိန်းသိမ်း ထားသည့် နိုင်ငံရေးခေါင်းဆောင်များနှင့်ပါတွေ့ဆုံဆွေးနွေး ခွင့်ရရန် နှင့်ကန့်သတ်ချက်မရှိဘဲNUGနှင့်ပါတွေ့ဆုံဆွေးနွေးလိုကြောင်းနစကစစ်ကောင်စီထံတောင်းဆိုထားတယ်လို့ပြောပါတယ်။
“သူတို့ဘက်က သူတို့နဲ့အတိုက်အခံဖြစ်တဲ့ NUGအပါအဝင်ကျန်အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးစရာ အကြောင်း မရှိ ဘူးလို့ယတိပြတ်ပြောဆိုထားသလို အတိုက်အခံတွေဘက်ကလည်း စစ်ကောင်စီကိုအကြမ်းဖက် သမားတွေ လို့ ရှု့မြင်ပြီး ဆွေးနွေးစရာမလိုဘူးလို့တစ်ဖက်နဲ့တစ်ဖက်ညှိနှိုင်းမရဖြစ်နေချိန်မှာ
ကျွန်တော်အနေနဲ့ခရီးစဉ် အတွင်း မှာNUG နဲ့အတိုက်အခံအဖွဲ့အစည်းတွေအပါအဝင်ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့နိုင်ငံရေးခေါင်းဆောင်တချို့ နဲ့ ပါ တွေ့ဆုံခွင့်ရဖို့အတွက်မြန်မာနစကစစ်ကောင်စီဖက်ကိုအကြောင်းကြားထားပါတယ်။
သူတို့ဘက်က ခွင့်ပြု ခြင်းရှိ/မရှိ ဆိုတာနဲ့ ပတ်သတ်လို့ကတော့အကြောင် းပြန်ကြားခြင်းမရှိသေးပါဘူး။နေပြည်တော်က NUG ကိုအကြမ်းဖက်သမားတွေလို့သတ်မှတ်ပြီးစကား မပြောချင်နေပါ။ကျွန်တော်ကိုအထူးသံတမန်တစ် ယောက် အနေနဲ့NUG နဲ့စကားပြောဆိုခွင့်ပဲပေးပါ လို့ ၎င်း ကထပ်မံပြောပါတယ်။




ယင်းအပြင်အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူထားသူကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် က” မြန်မာ့အရေး မှာ ကျွန်တော်ဝင်ပါရင်လည်းရှုတ်ချခံရမယ်။ဝင်မပါရင်လည်းရှုတ်ချခံရမယ်။အဲဒီတော့ဒီအတိုင်း သာထားလိုက် တာကောင်းတယ်။
သူတို့မလုပ်ချင်ရင်ကျွန်တော်တို့ကပူနေစရာမလိုဘူး။နွားတွေကရှေ့ကခံနေတော့လှည်း က ဘယ် လို ရှေ့ဆက်ရွေ့မလဲ “လို့ ပြောဆိုပါတယ်။အာဆီယံ၏မြန်မာအရေးကိုင်တွယ်ဆောင်ရွက်နေမှုများနှင့်ပတ်သတ်၍နိုင်ငံတကာဆက်ဆံရေးနှင့်နိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူတစ်ဦးဖြစ်သည့်ဦးခင်မောင်လတ်က
မြန်မာ့အရေးသည် အာဆီ ယံ၏ဘုံအကျိုး စီးပွား ကို သာမကအာဆီယံ၏ပုံရိပ်ကိုပါကြီးမားစွာထိခိုက်စေလျှက်ရှိသည့်အတွက် အာဆီ ယံခေါင်းဆောင် များအနေ ဖြင့် မြန်မာ့အရေးကိစ္စအားယခင်နဲ့မတူဘဲပို၍သတိပြုကိုင်တွယ်လာ ကြကြောင်း၊သို့ရာတွင်တစ်ဖက်၌ အာဆီယံပဋိဉာဏ်အရ
တစ်နိုင်ငံ၏ပြည်တွင်းရေးကိုအခြားတစ်နိုင်ငံကဝင်ရောက်စွက်ဖက်ခြင်းမပြုရဟူသည့်မူရှိနေခြင်းကြောင့်သီးသန့်အနေဖြင့်ဝင်ရောက်စွက်ဖက်ခြင်းမပြုသော်လည်းအသင်းအဖွဲ့၏ဘုံအကျိုးစီးပွားအနေဖြင့်ထိန်းသိမ်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၊




မြန်မာနိုင်ငံ၏စစ်အာဏာသိမ်းမှုနှင့်နောက်ဆက်တွဲအကြမ်းဖက်မှုများ၊ဖိနှိပ်မှုများနှင့်ပတ်သတ်၍အာဆီယံတွင်အဓိကတာဝန်ရှိနေပြီးထိုတာဝန်အားအာဆီယံမှကျေပျွန်ပြေလည်အောင်ဆောင်ရွက်သင့်သည်ဟူသည့်ကုလသမဂ္ဂ၊အမေရိကန်၊တရုတ်နှင့်အီးယူနိုင်ငံများအပြင်
အာဆီယံမိတ်ဖက်ဖြစ် သောဂျပန်၊တောင်ကိုရီးယားနှင့်သြစတြေးလျှတို့ကပါတိုက်တွန်းလျှက်ရှိနေခြင်းကြောင့်မြန်မာ့ အရေးကိစ္စသည် အာဆီယံအပေါ်တွင်အဓိကတာဝန်ကျလာကြောင်း၊ထိုအခြေအနေတွင်အာဆီယံနိုင်ငံခေါင်းဆောင်များမှ မြန်မာ စစ်ကောင်စီခေါင်းဆောင်များအား
အာဆီယံဘုံသဘောတူညီချက်ငါးချက်ကိုလိုက်နာအကောင်အထည်ဖော်ရန်ချမှတ်ခဲ့မှုနှင့်ပတ်သတ်၍အာဆီယံ၏လုပ်ဆောင်ချက်ကိုကုလသမဂ္ဂနှင့်နိုင်ငံတကာကအားရကျေနပ်မှုများရှိခဲ့သော်လည်းမြန်မာစစ်ကောင်စီဖက်မှအကောင်အထည်ဖော်ခြင်းမရှိသည့်အတွက်အမြန်ဆုံးလိုက်နာဆောင်ရွက်စေရန်အလို့ငှာ




တွန်းအားပေးရန်အာဆီယံအလှည့်ကျဥက္ကဌနှင့်အာဆီယံအဖွဲ့တွင်တာဝန်ရှိလာကြောင်း၊သို့သော် မြန်မာစစ်ကောင်စီခေါင်းဆောင်များက ဆက်လက်ခေါင်းမာလျှက်ရှိနေခြင်းကြောင့်အာဆီယံအနေဖြင့်၎င်းတို့ ၏အကျိုးစီးပွားများထိခိုက်လာနိုင်မည့်ဘေးကိုရှေးရှု့ကာမြန်မာကိုအာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်
အစည်းအဝေးများသို့တက်ရောက်ခွင့်မပြုခြင်းဖြင့်ဒဏ်ခတ်ထားခြင်းသာဖြစ်ကြောင်း၊သို့သော်ထိုသို့သော အ ခြေအနေတွင်ပင်မြန်မာစစ်ခေါင်းဆောင်များကအာဆီယံဘုံသဘောတူညီချက်ငါးချက်ကိုလုံးဝလိုက်နာအကောင်အထည်ဖော်ခြင်းမရှိသည့်အတွက်နိုင်ငံတကာအလည်တွင်အာဆီယံအနေဖြင့်
အရှက်ရစရာအခြေအနေဖြစ်ပေါ်ခဲ့ရကြောင်း၊ထိုသို့အရှက်ရစရာကြုံရသည့်ကိစ္စအပေါ်အခြားသောအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံကို ကနဦး တည်ထောင်ခဲ့သောအဖွဲ့ဝင်နိုင်ငံများမှခေါင်းဆောင်များအနေဖြင့်ကျေနပ်ခြင်းအလျှဉ်းမရှိကြကြောင်း၊ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်အနေဖြင့်




အာဆီယံအလှည့်ကျဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ရသည့်အချိန်၌ဟွန်ဆန်အနေဖြင့်၎င်း၏မိတ်ဖက်ဖြစ်သောမြန်မာစစ်ခေါင်းဆောင်များကိုအာဆီယံဘုံသဘောတူညီချက်များကိုလိုက်နာအကောင်အထည်ဖော်ရန်စည်းရုံးညှိနှိုင်းနိုင်လိမ့်မည်ဟုယူဆကာ အခြားသောအဖွဲ့ဝင်နိုင်ငံများ ၏
သဘောထားဆန္ဒမပါဝင်ဘဲမြန်မာနိုင်ငံသို့အလည်အပတ်ခရီးလာရောက်၍မြန်မာစစ်ကောင်စီခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သော်လည်းသိသာထင်ရှားသည့်တိုးတက်မှုတစုံတရာမရရှိခဲ့ခြင်းကဟွန်ဆန်အတွက်အရှက်ရစရာနှင့်ဝေဖန်ခံရမှုများ သာဖြစ်စေခဲ့ကြောင်း၊ထို့အတွက်ဟွန်ဆန်အနေဖြင့်
မြန်မာ့အရေးကိစ္စ အား၎င်း အနေဖြင့်လက် လျှော့ သည်ဟု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် မြန်မာ့အရေးကိစ္စကြောင့်အာဆီယံ၏ ဂုဏ်သ တင်းမှေးမှိန်ကျဆင်းလာရုံမျှမကဘုံအကျိုးစီးပွားကိုပါထိခိုက်လာနိုင်မည့်အခြေအနေများကိုရှောင်ရှားနိုင်ရန်အတွက်




မြန်မာအပေါ်နိုင်ငံရေးအရဆက်လက်ဖိအားပေးမှုများကိုတိုးမြှင့်လုပ်ဆောင်သွား ဖွယ်ရှိနေပြီး အကယ်၍ မြန်မာစစ်ခေါင်းဆောင်များအနေဖြင့်အာဆီယံဘုံသဘောတူညီချက်ငါးချက်အားအပြည့်အဝလိုက်နာအကောင်အထည်ဖော်ခြင်းရှိပါကထိုအခြေအနေမှာတမျိုးတဖုံသို့ပြောင်းလဲသွားနိုင်ကြောင်း သုံးသပ်ပြောကြားပါတယ်။
“အာဆီယံကတော့သူတို့ရဲ့ဘုံသဘောတူညီချက်တွေကိုမြန်မာစစ်ကောင်စီခေါင်းဆောင်တွေကအကောင်အထည်မဖော်သေးသရွေ့သူတို့ရဲ့မူကိုတော့ပြင်မှာမဟုတ်ဘူး။အကယ်၍သူတို့ဘက်က အလျှော့ပေးလိုက်ရင် မြန်မာ ပြည်သူတွေနဲ့နိုင်ငံတကာရဲ့အာရုံစိုက်မှုကအာဆီယံအပေါ်ကိုကျလာမယ်ဆိုတာကို
သူတို့ကတွက်ထားပြီးသား။နောက်တစ်ခုကစီးပွားဖက်၊မိတ်ဖက်အင်အားကြီးနိုင်ငံကြီးတွေရဲ့သဘောထားနဲ့ သူ တို့ ရဲ့အကျိုးစီးပွားတွေကို တော့သူတို့အ နေနဲ့ထိခိုက်ခံမှာတော့မဟုတ်ဘူး။နောက်တစ်ချက်ကမြန်မာ စစ်ကောင် စီဘက် ကလက်ရှိအခြေ အနေအတိုင်းပဲအာဆီယံဘုံသဘောတူညီချက်တွေကို




မလိုက်နာပဲနေမယ်ဆိုရင်အခြားအာဆီယံနိုင်ငံတွေရဲ့အကျိုးစီးပွားနဲ့ယှဉ်ပြီးထိခိုက်မှုတွေဖြစ်လာနိုင်တဲ့အတွက်အစည်းအဝေးတက်ရောက်ခွင့်မပြုတဲ့ကိစ္စအပြင်အခြားသောဒဏ်ခတ်မှုတွေပါလုပ်လာနိုင်တယ်လို့ယူဆရတယ်။အပြင်းထန်ဆုံးကတော့အာဆီယံ အဖွဲ့ဝင်နိုင်ငံ အဖြစ် က နေမြန်မာကိုထုတ်ပယ်တာ မျိုးအထိပေါ့ ။
အဲဒီမတိုင်ခင်တော့သူတို့ရသလောက်တော့ နိုင်ငံရေး အရအသင်း အဖွဲ့ကိုယ်စားပြုပြီးဖိအား ပေးမှု တွေကိုတော့ဆက်လက်လုပ်ဆောင်သွားမယ်လို့ယူဆရတယ် လို့ “ယင်းက ထပ် မံ ပြောပါတယ်။




အချုပ်အားဖြင့်ဆိုရပါကအာဆီယံဘုံသဘောတူညီချက်ကိုလိုက်နာအကောင်အထည်ဖော်ပါမည်ဟုကတိပြထား သောမြန်မာနစကစစ်ကောင်စီခေါင်းဆောင်များအနေဖြင့်တစ်နှစ်ကြာသည့်တိုင်အာဆီယံဘုံသဘောတူညီချက်အားလိုက်နာအကောင်အထည်ဖော်ရန်ပျက်ကွက်နေခြင်းနှင့်အတူ
အာဆီယံအပေါ်သို့ကျရောက်လာသောနိုင်ငံတကာဖိအားများကြောင့်အာဆီယံသည်မြန်မာ့အရေးအားပိုနေမြဲ၊ကျားနေမြဲအတိုင်းဆက်၍ထားရှိမည်လား သို့မ ဟုတ် မည်သို့ဆက်လက်ကိုင်တွယ်ဆောင်ရွက်မည်ဆိုသည်ကစိတ်ဝင်စားဖွယ်ရာအတိဖြင့်သာရှိနေ ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ credit