ခန့်မှန်းထားသည့်အတိုင်း ရုရှားသမ္မတ ပူတင် စ၍ မွှေပါပြီ




ရုရှားသမ္မတ ပူတင်က ယူကရိန်းနိုင်ငံအတွင်းမှာ ရှိနေကြတဲ့ လွတ်မြောက်နယ်မြေ ၂ခုဖြစ်ကြတဲ့Luhanskနှင့်Donetskတို့ကိုအချုပ်အခြာအာဏာပိုင်နိုင်ငံများ
အဖြစ်အသိမှတ်ပြုတဲ့အနေဖြင့် အမိန့်ဒီကရီကြေညာ ချက် နှစ်ရပ်ကို ဖေဖော်ဝါရီလ ၂၁ရက်နေ့ နေ့စွဲဖြင့် လက်မှတ်ရေးထိုးပြီးတော့ ထုတ်ပြန်ကြေညာလိုက်ပါ




သည်။
အဲဒိလို ကြေညာချက် ထုတ်ပြန်လိုက်ပြီးနောက်မှာ ၎င်းနယ် နှစ်ခုကို အကာအကွယ်ပေးပြီး၊ငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့အနေဖြင့် ၎င်းနေရာများသို့ ရုရှားတပ်
တွေကို စေလွှတ်တော့မည်ဖြစ်ပြီး၊အမိန့်ညွှန်ကြားချက်လည်း ပေးထားပြီးပြီလို့သိရှိရပါသည်။




အဲဒိအရေးကြောင့် လက်ရှိ၌ ကုလ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးလုပ်နေပါပြီ။တရုတ်ကတော့
ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ရန် တောင်းဆိုလိုက်ပါသည်။ယူကရိန်းမှာ ရှိနေကြတဲ့အမေရိကန်သံရုံးဝန်ထမ်းတွေဟာပိုလန်နိုင်ငံသို့ ထွက်ခွါ ရွှေ့ပြောင်းလိုက်ကြပြီလည်းဖြစ်ကြသလို၊




သြစတြေးလျ သံရုံးဝန်ထမ်းတွေလည်း ပိုလန်သို့မဟုတ် ရိုမေးနီးယားနိုင်ငံ တခုခုသို့ ရွှေ့ပြောင်း
ကြဖို့ရန် သြစတြေးလျ အစိုးရက ညွှန်ကြားခဲ့ပြီးလည်းဖြစ်ပါသည်။လက်ရှိသတင်းများအရ ရုရှားက ထိုနယ် နှစ်ခု၌ စစ်လက်နက်အင်အား အပြည့်အစုံနဲ့တပ်ဖြန့်နေရာယူနေပြီလို့လည်းသိရှိရပါသည်။




ရုရှားရဲ့ အခုလိုလုပ်လိုက်တဲ့ လုပ်ရပ်ကြောင့်ကမ္ဘာ့ရွှေဈေး၊ရေနံဈေးတို့ကအတက်ရှိနေကြပြီး၊ခရစ်တိုငွေကြေးတွေကတော့ အကျဖိအားဝင်ပြီးတော့ အကျဘက်သို့ ဆင်းနေကြပါသည်။စတော့တွေ အကျ
ဘက် ဆင်းနိုင်ချေ ရှိနိုင်။




ရေနံ၊ရွှေဈေးတို့ကလက်ရှိ အနေအထားကနေ ဆက်ပြီးအတက်ရှိနိုင်သေးပါသည်။ပြီးခဲ့တဲ့၁၉၉၀နှစ်ထဲ
၌ အီရတ်က ကူဝိတ်ကို ကျူးကျော်တိုက်ခိုက်မှု လုပ်ခဲ့စဉ်တုန်းက




ရေနံဈေးဟာတစည်ပေါက်ဈေး ဒေါ်လာ ၂၀ ကနေ ဒေါ်လာ၄၀အထိ နှစ်ဆတက်သွားခဲ့ပါသည်။ရုရှားစတော့တွေက တရက်တည်းအတွင်း အကျ
နှုန်း-၁၄%အထိ ရှိခဲ့ပြီလည်းဖြစ်ပါသည်။
KoNayNay



