မအလတပ်နှင့် တရားမဝင်မိန်းမများ
မအလတပ်ဟာ စိတ်ဓာတ်ပိုင်းမှာ အချောင်သမားများ အများစုနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ ယခင်ကတင်ပြခဲ့ပြီးပါပြီ။ မအလတပ်က ဗုဒ္ဓဘာသာကို စောင့်ရှောက်သူဘာညာ ဂျင်းထည့်ထားပေမယ့် အများစုက ငါးပါးသီလမလုံပါ။ သတ္တဝါတွေရဲ့အသက်သတ်တာက စစ်သားမိုလို့ ကျော်ကြည့်ပေးရင်တောင် နေ့တိုင်းလိမ်နေတာ အားလုံးသိမှာပါ။




အရက်သောက်တာကလဲ အားလုံးနီးပါးပါ။ သူတစ်ပါးသားမယားကို ပြစ်မှားကျူးလွန်တာ၊ ခိုးတာက စံလိုကိုဖြစ်နေပါတယ်။ ဥပမာ ဇော်မဲလုံးကို စံအဖြစ်ကြည့်ပါ။ လိမ်နေတာက နေ့တိုင်းဖြစ်ပြီး အရက်လဲသောက်ပါတယ်။ ခိုးတာက ဒုဝန်ကြီးဖြစ်မှ ပိုခိုးပါတယ်။ ဒါဆိုရင် မိန်းမကိစ္စလွတ်လားဆိုတော့ ဂျပန်အပြာကားက သတင်းစာရှင်းလင်းပွဲအထိ ပါလာခဲ့ပါတယ်။ သူ့အောက်ကသတင်းစာရှင်းလင်းပွဲမှာ သုံးသွားတဲ့ ဗိုလ်မလေးတွေက ဇော်မဲလုံးရဲ့ ခြေတော်တင်ခံရသူပါ။ ဘာလို့စစ်တပ်က ဒီလောက်တောင် ပျက်သွားခဲ့တာလဲ?




နေဝင်းအာဏာသိမ်းပြီးချိန်အထိ နေဝင်းကလွဲရင် အောက်ခြေကလူတွေကို မိန်းမကိစ္စအတိုင်ခံရရင် တပ်ကထုတ်လေ့ရှိပါတယ်။ ၁၉၈၈ အာဏာသိမ်းအပြီး ခင်ညွန့်က သူ့လူဗိုလ်မှူးကြီးအောင်သိန်းကို စိတ်ဓာတ်စစ်ဆင်ရေးညွှန်ချုပ်ခန့်ဖို့အဆိုပြုရာမှာ တွဲဖက်စစ်ထောက်ချုပ်က သူမုဒိမ်းမှုကျူးလွန်ခဲ့တဲ့ မှင်နီကိုထောက်ပြပြီး ကန့်ကွက်ခဲ့ပေမယ့် ခင်ညွန့်က ကန့်ကွက်သူကို အရပ်ဖက်ပို့ပြီး သူ့လူကို ဆက်ခန့်ခဲ့ပါတယ်။




အဲ့ဒီနောက် ဘာပြစ်မှု ကျူးလွန်ကျူးလွန် ထောက်လှမ်းရေးနဲ့ပြေလည်ရင် ရာထူးတက်တယ်ဆိုတဲ့ ယဉ်ကျေးမှုဖြစ်ခဲ့ပါတယ်။ ထောက်လှမ်းရေးက မကျေနပ်ရင် ထွန်းကြည်တို့ ကျော်ဘတို့လို ဗီဒီယိုချောင်းရိုက်ပြီး အဖြုတ်ခံရပါတယ်။ ဒါတွေဟာ ခင်ညွန့်ပြုတ်အပြီးမှာ အားလုံးမိန်းမကိစ္စအတွက် အတားအဆီးမရှိဖြစ်သွားခဲ့ပါတယ်။ ဒါဆိုရင် တပ်ထဲက လူကြီးများရဲ့ လိင်အရှုတ်တော်ပုံကို လေ့လာရအောင်။




ပထမဆုံး မအလကို မွေးစားခဲ့တဲ့ ထိုင်းကဗိုလ်ချုပ်ကြီး Prem Tinsulanonda အငြိမ်းစားဟာ လိင်တူချင်းဆက်ဆံသူလို့ သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်နာမည်ကြီးသူပါ။ သူ့ကိုထိုင်းသတင်းစာ Thai Rath (Thai State) က သူ့လိင်တူကိစ္စ ၁၉၈၈ မှာ ရေးမယ်လို့ ခြိမ်းခြောက်ခံရအပြီး ဝန်ကြှးချုပ်ရာထူးက နုတ်ထွက်သွားရးသူပါ။ မအလသူ့အိမ်မှာ တစ်ညအိပ်ဖူးပါတယ်။ သာမန်အိပ်တာလား ရှယ်အိပ်တာလား စာရေးသူမသိပါ။




သူက မအလနဲ့ တွေ့ချိန်မှာ အသက် ၉၀ ကျော်ပါပြီ။ အဆိုပါညနောက်ပိုင်း ထိုင်း-မြန်မာတပ်ဆက်ဆံရေး အလွန်ကောင်းသွားပါတယ်။ ထိုလူရဲ့ အသုဘကို မအလသွားပို့ခဲ့ပါတယ်။ နောက်မအလ သတိမေ့သလိုဖြစ်ပြီး တော်လှန်ရေးနေ့ မတက်နိုင်လို့ စစ်ဆေးရုံတက်ချိန်မှာ မအလကို အနီးကပ်ပြုစုပေးခဲ့သူ သူနာပြုဗိုလ်ကြီးမမဟာလဲ အချိန်တိုအတွင်း မအလနဲ့ တွေ့အပြီးမှာ ဗိုလ်မှူးဖြစ်သွားခဲ့ပါတယ်။ သူမနာမည်သိပေမယ့် ပုဂ္ဂိုလ်ရေးဖြစ်မှာစိုးလို့ ထည့်မရေးတော့ပါ။




နောက်လေချုပ်ဟောင်းမောင်မောင်ကျော်ပြုတ်တဲ့အထဲ မိန်းမမှုပါတယ်ဆိုပေမယ့် မောင်မောင်ကျော်က ယခုမှ အငယ်ဆွဲတာမဟုတ်ပါ၊ သူ့အငယ်ရဲ့ ခလေးတွေတောင် အတော်ကြီးနေပါပြီ၊ အဓိကက မအလသားအဖွဲ့ ကန်ထရိုက်မရတာကစတာပါ။ စားခွက်လုတာပေါ့၊
ဒါဆိုရင် အောက်ကလူတွေကရော။ မအလရဲ့ ညာလက်ရုံးမိုးမြင့်ထွန်းဟာ သူ့မိန်းမ ကင်ဆာမဖြစ်ကထဲက အငယ်လေးတွေနဲ့ အမြဲနေသူပါ။ နောက်ဆုံးကောင်မလေးက သူ့သမီးထက်အနည်းငယ်သာကြီးပါတယ်။ သူ့မိန်းမဘန်ကောက်သွားဆေးကုရင်တော့ ဘုရားပွဲလှည့်သလိုပါဘဲ။




ဒါဆိုရင် မအလရဲ့ဘယ်လက်ရုံး စရဖညျွန်ချုပ်ရဲဝင်းဦးကရောဆိုတော့ သူကနှစ်ဖက်ချွန်ပါ။ သူ့ PSO တွေကို လိင်တူချင်း ဆွဲစားသလို ကောင်မလေးတွေလဲ အလွတ်မပေးပါဘူး။ သူ့လက်ထောက်ညွန်ချုပ်တိုးရီအကြောင်းတော့ ခေတ်သစ်ကရေးလို့ အားလုံးသိပြီးဖြစ်မှာပါ။ ဒါကလူသိသူများသာပါ။ ရေးရင်မကုန်နိုင်ပါ။
အောက်ခြေက တပ်ရင်းမှူး၊ ဗျူဟာမှူးတွေကလဲ အငယ်ရှိသူက ၇၀% လောက်ပါ။ ဟ ဒါဆိုရင် ဗိုလ်ကြီးတွေ တပ်ကြပ်တွေ တပ်သားတွေကရောဆိုရင် ဗိုလ်ကြီးအဆင့်က ဟိုသေသွားတဲ့ လေယာဉ်မှူးလို ကာမလိမ်လည်စားသူများက အများစုပါ။ အောက်ခြေအဆင့်ကတော့ တပ်တွင်းအရှုတ်များနဲ့ စစ်ဆင်ရေးမှာ မုဒိမ်းမှုကျူးလွန်သူများပါ။




အကျဉ်းချုပ်ရရင် မအလတပ်ဖွဲ့ဝင်အများစုဟာ ငါးပါးသီလကို ရေသောက်သလို ကျူးလွန်နေသူများပါ။ မိန်းမကိစ္စက လက်ရှိတစ်လင်တစ်မယားဥပဒေအရကို သူတို့ထောင်ကျပါတယ်။ သူတို့ကိုအရပ်ဖက်ဥပဒေနဲ့ ဆွဲမရလို့သာပါ။ ဒါ့ကြောင့် ဒီကောင်တွေအများစုရဲ့ ပြုပြင်ပြောင်းလဲတာကို မစောင့်ဘဲ တိုက်စရာရှိတာသာ ဆက်တိုက်ပါလို့ ပြောပါရစေ။
crd