
Cele News








ပရိတ်သတ်ကြီးတို့လည်း မင်းသားမင်းမော်ကွန်းအတွက် အားပေးစကားကိုcommentမှာရေးပေးခဲ့ပါဦးနော်


Credit

အကောင့်တုတွေနဲ့ စောင်းမြောင်းရေးတဲ့သူတွေကို ဒဲ့ စိန်ခေါ်လိုက်တဲ့ မင်းမော်ကွန်း

မင်းသား မင်းမော်ကွန်း ပွဲကြမ်းပြီ..

ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေတဲ့ နိုင်ငံကျော် ပြည်သူချစ် အကယ်ဒမီမင်းသား မင်းမော်ကွန်းကတော့နွေဦးတော်လှန်ရေးမှာလည်း ပြည်သူနဲ့အတူ ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသားရပ်တည်ခဲ့တာကြောင့် တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေ တစ်နေရာမှာရောက်ရှိနေခဲ့ပြီး ကိုယ်တတ်နိုင်တဲ့ဖက်ကနေ အာဏာရှင်ကို တော်လှန်ရေးမှာ အစွမ်းကုန်ပါဝင်နေခဲ့ပါတယ်။ အနုပညာသမား အဖြစ်ကနေ အောင်မြင်မှုတွေကို စွန့်လွှတ်ကာ မတရားမှုကိုတော်လှန်သူအဖြစ် ရဲရဲဝံ့ဝံ့ကူးပြောင်းခဲ့ပြီးနောက် ကိုယ့်ရဲ့ရပ်တည်ချက်အတွက်လည်း နောက်မဆုတ်တမ်းတိုက်ပွဲဝင်နေခဲ့ပါတယ်။

သူဟာ လက်ရှိမှာဖြစ်ပေါ်နေတဲ့ အာဏာထိန်းချုပ်ခြင်းနဲ့ပတ်သက်၍ ပြည်သူများနှင့်တစ်သားတည်းရပ်တည်ကာ လွတ်မြောက်နယ်မြေအထိ သွားရောက်နေထိုင်နေတဲ့အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။သူဟာ နိုင်ငံရေးဆိုင်ရာ တော်လှန်လှုပ်ရှားမှုများကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှဒ ပုဒ်မ ၅၀၅(က) နှင့်တရားစွဲဆိုထားခံရသူတစ်ဦးလည်းဖြစ်ပါတယ်။

ယခုအခါတော့ မင်းသားချောရဲ့ Facebook အကောင့်ပြန်လည်သုံးလို့ရသွားသွားချင်းပဲ မင်းသားမင်းမော်ကွန်းက အခုလိုပဲ သူရဲ့ Facebook စာမျက်နှာထက်မှာ ခပ်ပြတ်ပြတ် ခပ်မာမာ ရေးခဲ့တာပဲ ဖြစ်ပါတယ်

အကောင့်ပြန်ရ ရရချင်းဆောက်နဲ့ထွင်းရမယ် စောင်းသလိုမျောင်းသလို အကောင့်အတုနဲ့မရေးနဲ့By Name နဲ့ဒဲ့ပြောကြမလား Ready လားပြော ဆိုပြီး ရေးသားခဲ့တာပဲ ဖြစ်ပါတယ်

ပရိတ်သတ်ကြီးတိူ့လည်း မင်းသားမင်းမော်ကွန်းအတွက် အားပေးစကားကိုcommentမှာရေးပေးခဲ့ပါဦးနော်

အရေးတော်ပုံ မုချ အောင်ရမည်

Credit

Leave a Reply

Your email address will not be published.