နိုင်ငံရေးထွက်ပေါက်ရှာရန် စ-စ်ကောင်စီကြံစည်အားထုတ်နေဟု NUGကာကွယ်ရေးဝန်ကြီးပြော

News

နိုင်ငံရေးထွက်ပေါက်ရှာရန် စစ်ကောင်စီကြံစည်အားထုတ်နေဟု NUGကာကွယ်ရေးဝန်ကြီးပြော

BVJ-အောက်တိုဘာ ၅၊ ၂၀၂၂

စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်ရှာဖို့ အသည်းအသန်ကြံစည်အားထုတ်နေတယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရNUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ဒီနေ့ အောက်တိုဘာ(၅)ရက်မှာပြောကြားလိုက်ပါတယ်။

“ဒီကနေ့ စစ်ကောင်စီရဲ့အခြေအနေကိုကြည့်ရင် နိုင်ငံရေးထွက်ပေါက်ရော စစ်ရေးအသက်ရှုပေါက်ပါ အသည်းအသန်ရှာနေတယ်ဆိုတာ ငါတို့တွေ့နိုင်တယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ပြောပြောနေတဲ့ ရွေးကောက်ပွဲလုပ်မယောင် ယောင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးသယောင် ယောင်၊၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယောင်ယောင်၊ ဖျက်မယောင်ယောင် လုပ်နေတာတွေက နိုင်ငံရေးထွက် ပေါက်ရှာဖို့ ကြံစည်အားထုတ်နေတာပဲ ဖြစ်တယ်”လို့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း PDFများသို့ မိန့်ခွန်းပြောကြားစဉ်မှာဝန်ကြီးက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် နယ်မြေစိုးမိုးထိန်းချုပ်နိုင်စွမ်း တစ် နေ့တစ်ခြား ဆုံးရှုံးလာနေတဲ့ စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့လည်းပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးစိတ်ဓါတ်တွေကျဆင်းသွားဖို့၊ တော်လှန်အင်အားစုတွေအားနည်းလာအောင်၊ သွေးကွဲလာ‌အောင်လုပ်ဆောင်ဖို့ စစ်ကောင်စီကအချိန်လိုအပ်နေတာဖြစ်တဲ့အတွက် စစ်ကောင်စီအလိုကျမဖြစ်ရလေ‌အောင် တော် လှန်ရေးအင်အားစုတွေစုစည်းပြီး ညီညွတ်ဖို့လိုအပ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက PDFတွေကို ပြောကြားခဲ့ပါတယ်။

Zawgyi(version)

နိုင္ငံေရးထြက္ေပါက္ရွာရန္ စစ္ေကာင္စီႀကံစည္အားထုတ္ေနဟု NUGကာကြယ္ေရးဝန္ႀကီးေျပာ
———————————-

BVJ-ေအာက္တိုဘာ ၅၊ ၂၀၂၂

စစ္ေကာင္စီက နိုင္ငံေရးထြက္ေပါက္ရွာဖို႔ အသည္းအသန္ႀကံစည္အားထုတ္ေနတယ္လို႔ အမ်ိဳးသားညီညြတ္ ေရးအစိုးရNUG ကာကြယ္ေရးဝန္ႀကီးဦးရည္မြန္က ဒီေန႔ ေအာက္တိုဘာ(၅)ရက္မွာေျပာၾကားလိုက္ပါတယ္။

“ဒီကေန႔ စစ္ေကာင္စီရဲ့အေျခအေနကိုၾကည့္ရင္ နိုင္ငံေရးထြက္ေပါက္ေရာ စစ္ေရးအသက္ရႈေပါက္ပါ အသည္းအသန္ရွာေနတယ္ဆိုတာ ငါတို႔ေတြ႕နိုင္တယ္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ေျပာေျပာေနတဲ့ ေရြးေကာက္ပြဲလုပ္မေယာင္ ေယာင္၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ၿငိမ္းခ်မ္းေရးေဆြးေႏြးသေယာင္ ေယာင္၊၂၀၀၈ ဖြဲ႕စည္းပုံကို ျပင္မေယာင္ေယာင္၊ ဖ်က္မေယာင္ေယာင္ လုပ္ေနတာေတြက နိုင္ငံေရးထြက္ ေပါက္ရွာဖို႔ ႀကံစည္အားထုတ္ေနတာပဲ ျဖစ္တယ္”လို႔ အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း PDFမ်ားသို႔ မိန႔္ခြန္းေျပာၾကားစဥ္မွာဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ျပည္သူ႔ခုခံတြန္းလွန္စစ္ေၾကာင့္ နယ္ေျမစိုးမိုးထိန္းခ်ဳပ္နိုင္စြမ္း တစ္ ေန႔တစ္ျခား ဆုံးရႈံးလာေနတဲ့ စစ္ေကာင္စီအေနနဲ႔ေရြးေကာက္ပြဲကို တစ္နိုင္ငံလုံး အတိုင္းအတာနဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ဖို႔ မျဖစ္နိုင္ဘူးလို႔လည္းေျပာပါတယ္။

ဒါ့အျပင္ ေတာ္လွန္ေရးစိတ္ဓါတ္ေတြက်ဆင္းသြားဖို႔၊ ေတာ္လွန္အင္အားစုေတြအားနည္းလာေအာင္၊ ေသြးကြဲလာ‌ေအာင္လုပ္ေဆာင္ဖို႔ စစ္ေကာင္စီကအခ်ိန္လိုအပ္ေနတာျဖစ္တဲ့အတြက္ စစ္ေကာင္စီအလိုက်မျဖစ္ရေလ‌ေအာင္ ေတာ္ လွန္ေရးအင္အားစုေတြစုစည္းၿပီး ညီညြတ္ဖို႔လိုအပ္တယ္လို႔ ကာကြယ္ေရးဝန္ႀကီးက PDFေတြကို ေျပာၾကားခဲ့ပါတယ္။

Leave a Reply

Your email address will not be published.