ညောင်ပင်ကြီးရဲစခန်းမှ ရဲ(၄) ဦး သုတ်သင်ရှင်းလင်းခံရသည့် ဗီဒီယိုဖိုင် ပေါ်ထွက်လာ
၄၊ အောက်တိုဘာ၊၂၀၂၂-ချင်းတွင်းရိုးမ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၌ ယမန်နေ့က ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦးကို ပ-စ်ခတ်တို-က်ခိုက်ခဲ့သည့် ရုပ်သံဖိုင်ကို အမိမြေ တော်လှန်ရေးတ-ပ်ဖွဲ့က ယနေ့ ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုကို အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့်အတူ Young People Force နှင့် Salingyi GZ Local PDF တို့ ပူးပေါင်းပြီး ညောင်ပင်ကြီးရဲစခန်းမှ ထွက်လာသော ရဲ(၄) ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ရာ G-3 သေနတ် (၄) လက်၊ ကျည်ဘောက်များ ၊ ကျည်များနှင့် လက်ပစ်မိုင်း (၁) လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ဖော်ပြထားသည်။
“တိုက်ပွဲသတင်းများကို ရဲဘော်များ၏ လုံခြုံရေးအရ နောက်ကျမှ ဖော်ပြပေးနိုင်ခြင်းအပေါ် နားလည်ပေးကြပါရန် တောင်းဆိုအပ်ပါတယ်ခင်ဗျာ”ဟုဖော်ပြထားသည်။
ယမန်နေ့ နံနက်ပိုင်းက ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး နံနက်ခင်းစျေးသို့ ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦးဖြစ်ကြသည့် ရဲ ဒုတပ်ကြပ် ညီညီထွေး ၊ ရဲဒုတပ်ကြပ် စည်သူစိုး ၊ ရဲတပ်သား အောင်ဆန်းဝင်း နှင့် ရဲတပ် သား ဇင်ကိုဖြိုးတို့ သေနတ်များ လွယ်၍ စျေးဝယ်ထွက်လာကြစဉ် ရဲ ၄ ဦးကို ကားတစ်စီးဖြင့် လာရောက်ပစ်ခတ်ပြီး ရဲ ၄ ဦးလုံး သေဆုံးကာ လက်နက် ၄ လက်နက်ကို သိမ်းဆည်းသွားခဲ့ခြင်းဖြစ်သည်။
Zawgyi(version)
ေညာင္ပင္ႀကီးရဲစခန္းမွ ရဲ(၄) ဦး သုတ္သင္ရွင္းလင္းခံရသည့္ ဗီဒီယိုဖိုင္ ေပၚထြက္လာ
၄၊ ေအာက္တိုဘာ၊၂၀၂၂-ခ်င္းတြင္းရိုးမ
စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၌ ယမန္ေန႕က ေညာင္ပင္ႀကီးရဲစခန္းမွ ရဲ ၄ ဦးကို ပစ္ခတ္တိုက္ခိုက္ခဲ့သည့္ ႐ုပ္သံဖိုင္ကို အမိေျမ ေတာ္လွန္ေရးတပ္ဖြဲ႕က ယေန႕ ေဖာ္ျပထားသည္။
အဆိုပါတိုက္ခိုက္မႈကို အမိေျမေတာ္လွန္ေရးတပ္ဖြဲ႕ႏွင့္အတူ Young People Force ႏွင့္ Salingyi GZ Local PDF တို႔ ပူးေပါင္းၿပီး ေညာင္ပင္ႀကီးရဲစခန္းမွ ထြက္လာေသာ ရဲ(၄) ဦးအား သုတ္သင္ရွင္းလင္းနိုင္ခဲ့ရာ G-3 ေသနတ္ (၄) လက္၊ က်ည္ေဘာက္မ်ား ၊ က်ည္မ်ားႏွင့္ လက္ပစ္မိုင္း (၁) လုံးတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္းလည္း ေဖာ္ျပထားသည္။
တိုက္ပြဲသတင္းမ်ားကို ရဲေဘာ္မ်ား၏ လုံၿခဳံေရးအရ ေနာက္က်မွ ေဖာ္ျပေပးနိုင္ျခင္းအေပၚ နားလည္ေပးၾကပါရန္ ေတာင္းဆိုအပ္ပါတယ္ခင္ဗ်ာဟုေဖာ္ျပထားသည္။
ယမန္ေန႕ နံနက္ပိုင္းက ဆားလင္းႀကီးၿမိဳ႕နယ္၊ ေညာင္ပင္ႀကီး နံနက္ခင္းေစ်းသို႔ ေညာင္ပင္ႀကီးရဲစခန္းမွ ရဲ ၄ ဦးျဖစ္ၾကသည့္ ရဲ ဒုတပ္ၾကပ္ ညီညီေထြး ၊ ရဲဒုတပ္ၾကပ္ စည္သူစိုး ၊ ရဲတပ္သား ေအာင္ဆန္းဝင္း ႏွင့္ ရဲတပ္ သား ဇင္ကိုၿဖိဳးတို႔ ေသနတ္မ်ား လြယ္၍ ေစ်းဝယ္ထြက္လာၾကစဥ္ ရဲ ၄ ဦးကို ကားတစ္စီးျဖင့္ လာေရာက္ပစ္ခတ္ၿပီး ရဲ ၄ ဦးလုံး ေသဆုံးကာ လက္နက္ ၄ လက္နက္ကို သိမ္းဆည္းသြားခဲ့ျခင္းျဖစ္သည္။
ရုပ်သံကြည့်ရန်???
ခရက်ဒစ်ဗီဒီယို