ကြံ့ခိုင်ရေးပါတီညီလာခံနဲ့အချိန်ကိုက်ပြီး စ-စ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ပြည်မြို့မှာ ပြည်တော်ဝင် ယတြာလာလုပ်
မြေလတ်အသံ၊ အောက်တိုဘာ ၄၊ ၂၀၂၂။
စ-စ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပဲခူးတိုင်း၊ ပြည်မြို့ကို လာရောက်ပြီး ပြည်ဝင်ပြည်ထွက် ယတြာချေခဲ့တယ်လို့ စ-စ်ကောင်စီအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။
ဒီနေ့ အောက်တိုဘာလ ၄ ရက်မှာ ပြည်မြို့ကို ရောက်နေတဲ့ မင်းအောင်လှိုင်ဟာ SME လုပ်ငန်းများဖွံဖြိုးရေးခေါင်းစဉ်နဲ့ ရတနာမြို့တော်ခန်းမ(မူယာပင်)မှာ တိတ်တဆိတ်တွေ့ဆုံပွဲလုပ်နေပေမယ့် အဓိကအကြောင်းအရင်းကယတြာလာချေခြင်းဖြစ်ပြီး ပြည်မြို့က ဘုရားအားလုံးကို အများသူငါ ဖူးခွင့်ပိတ်ထားကာ သွားလာနေတယ်လို့ဆိုပါတယ်။
“အသေးစားစက်မှုလက်မှုလုပ်ငန်းခေါင်းစဉ်နဲ့လာတာ။ အဲဒါကသူကိုယ်တိုင်တောင် လာစရာမလိုဘူး သက်ဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးလောက်လာတောင်ရတယ်၊ တကယ်က နေပြည်တော်မှာလုပ်နေတဲ့ ကြံ့ဖွံ့ညီလာခံနဲ့အညီလာတာ အဲမှာဦးခင်ရီက ဥက္ကဌလုပ်ပြီး ရွေးကောက်ပွဲမှာ ဝင်ဖို့သေချာ လုပ်ဆောင်နေတယ်။
အဲအတွက်သူကလည်း တပြိုင်ထဲ ပြည်တော်ဝင်သဘောမျိုး လုပ်တာပါ အစဉ်အဆက်က စစ်အာဏာရှင်ခေါင်းဆောင်တွေ လုပ်နေကြပဲ” လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
မင်းအောင်လှိုင်ဟာ ပြည်မြို့ကို ရဟတ်ယာဉ် ၂ စီးနဲ့ လာရောက်ခဲ့တာဖြစ်နိုင်ပြီး ကြိုတင်အကြောင်းကြား လမ်းညွှန်ထားတာမရှိဘူးလို့ ဆိုပါတယ်။
“ပုစင်းနှစ်ကောင်ပျံသွားတာတွေ့တယ်၊ အစစ်ဆေးကတော့ မနေ့ကတည်းက လုံခြုံရေးကိုအရမ်းတင်းကျပ်ထားတာ၊ ဒီနေ့လည်း လမ်းဆုံးလမ်းဂွတွေအကုန်ပိတ်ပြီး အကုန်စစ်အကုန်တားထားတယ်၊ သူတို့တွေ့တာက မူယာပင်ခန်းမထဲမှာ အဲမှာလည်း အကုန်အပြည့်ပဲ မြို့ထဲမှာလည်း ဒေါက်တွေနဲ့ ထောင်ထားတဲ့ သေနတ်နဲ့ကားတွေ အကုန်ပတ်နေတယ်။ ဘုရားကတော့ ပိတ်ထားတယ် သူတို့ လူကြီးတွေတက်ရတဲ့ အပေါက်တခုပဲဖွင့်ထားတယ်။” လို့ မြို့ခံတဦးကဆိုပါတယ်။
ယနေ့မှာလည်း နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှာ ညီလာခံပြုလုပ်နေပြီး ယခင်ဥက္ကဌဦးသန်းဌေးက တရားဝင်နှုတ်ထွက်ပြီး ပြန်လည်ရွေးကောက်တင်မြှောက်ပွဲကို ပြုလုပ်နေပါတယ်။
သတင်း – 007
မြေလတ်အသံ
ကြံ့ခိုင်ရေးပါတီညီလာခံနဲ့အချိန်ကိုက်ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ပြည်မြို့မှာ ပြည်တော်ဝင် ယတြာလာလုပ်
မြေလတ်အသံ၊ အောက်တိုဘာ ၄၊ ၂၀၂၂။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပဲခူးတိုင်း၊ ပြည်မြို့ကို လာရောက်ပြီး ပြည်ဝင်ပြည်ထွက် ယတြာချေခဲ့တယ်လို့ စစ်ကောင်စီအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။