အဂတိလိုက်စားမှု ပါတီရန်ပုံငွေအလွဲသုံးစားမှုဖြင့် နာမည်ကြီးသည့် USDPဥက္ကဌဦးသန်းဌေးကိုပါတီရာထူးမှ တရားဝင်ရပ်ဆိုင်းပြီ။”

News

USDP ဥက္ကဌ ဦးသန်းဌေး ပါတီရာထူးမှ တရားဝင်ရပ်ဆိုင်းပြီ

ပါတီရန်ပုံငွေ အလွဲသုံးသည်၊ တစ်ဦးတည်းသဘောဖြင့် ပါတီစည်းမျဉ်းများ အပြောင်းအလဲ လုပ်သည်ဟု ဝေဖန်ခံနေရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ လက်ရှိ ဥက္ကဋ္ဌ ဦးသန်းဌေး အနားယူတော့မည်ဖြစ်သည်။

နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ယနေ့စတင်သည့် USDP တတိယအကြိမ် ညီလာခံ အဖွင့်မိန့်ခွန်း တွင် ဝေဖန်မှုများကြောင့် ပါတီကို စွန့်ခွာခြင်း မဟုတ်ကြောင်း ဦးသန်းဌေးက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရအောင် မစွမ်းဆောင်နိုင်ခြင်း၊ ကျန်းမာရေးမကောင်းခြင်း၊ ပါတီဝင် များ သတ်ဖြတ်ခံနေရသည့် အခြေအနေကို မကူညီနိုင်ခြင်းတို့ကြောင့် နှုတ်ထွက်ခြင်းဖြစ်သည်ဟု အသက် ၆၈နှစ်အရွယ် ၎င်းက အကြောင်းပြသည်။

USDP ညီလာခံကို အောက်တိုဘာ ၄၊ ၅ နှစ်ရက်ကြာ ပြုလုပ်ရန်ရှိပြီး မကြာသေးမီကမှ စစ်ကောင်စီ လူဝင်မှုကြီးကြပ် ရေးဝန်ကြီး အဖြစ်မှ အနာယူကာ USDPသို့ ပြန်ရောက်လာသူ ဦးခင်ရီ ဥက္ကဌ ဖြစ်လာမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ၎င်းသည် လက်ရှိတွင် ပါတီယာယီဥက္ကဌ တာဝန်ကို ယူထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နီးစပ်သည့် ရဲချုပ်ဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်း ခင်ရီသည် တပ် ထောက်ခံပွဲများကို စီစဉ်သူဟု နာမည်ကျော်သည်။
သတင်း – စထွန်းအောင်/Myanmar Now

Zawgyi
USDP ဥကၠဌ ဦးသန္းေဌး ပါတီရာထူးမွ တရားဝင္ရပ္ဆိုင္းၿပီ

ပါတီရန္ပုံေငြ အလြဲသုံးသည္၊ တစ္ဦးတည္းသေဘာျဖင့္ ပါတီစည္းမ်ဥ္းမ်ား အေျပာင္းအလဲ လုပ္သည္ဟု ေဝဖန္ခံေနရသည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP)၏ လက္ရွိ ဥကၠ႒ ဦးသန္းေဌး အနားယူေတာ့မည္ျဖစ္သည္။

ေနျပည္ေတာ္ရွိ ပါတီဌာနခ်ဳပ္တြင္ ယေန႕စတင္သည့္ USDP တတိယအႀကိမ္ ညီလာခံ အဖြင့္မိန့္ခြန္း တြင္ ေဝဖန္မႈမ်ားေၾကာင့္ ပါတီကို စြန့္ခြာျခင္း မဟုတ္ေၾကာင္း ဦးသန္းေဌးက ဆိုသည္။

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ အနိုင္ရေအာင္ မစြမ္းေဆာင္နိုင္ျခင္း၊ က်န္းမာေရးမေကာင္းျခင္း၊ ပါတီဝင္ မ်ား သတ္ျဖတ္ခံေနရသည့္ အေျခအေနကို မကူညီနိုင္ျခင္းတို႔ေၾကာင့္ ႏႈတ္ထြက္ျခင္းျဖစ္သည္ဟု အသက္ ၆၈ႏွစ္အ႐ြယ္ ၎က အေၾကာင္းျပသည္။

USDP ညီလာခံကို ေအာက္တိုဘာ ၄၊ ၅ ႏွစ္ရက္ၾကာ ျပဳလုပ္ရန္ရွိၿပီး မၾကာေသးမီကမွ စစ္ေကာင္စီ လူဝင္မႈႀကီးၾကပ္ ေရးဝန္ႀကီး အျဖစ္မွ အနာယူကာ USDPသို႔ ျပန္ေရာက္လာသူ ဦးခင္ရီ ဥကၠဌ ျဖစ္လာမည္ဟု သတင္းမ်ား ထြက္ေပၚေနသည္။ ၎သည္ လက္ရွိတြင္ ပါတီယာယီဥကၠဌ တာဝန္ကို ယူထားသည္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ႏွင့္ နီးစပ္သည့္ ရဲခ်ဳပ္ေဟာင္း၊ ဗိုလ္မႉးခ်ဳပ္ေဟာင္း ခင္ရီသည္ တပ္ ေထာက္ခံပြဲမ်ားကို စီစဥ္သူဟု နာမည္ေက်ာ္သည္။
သတင္း – စထြန္းေအာင္/Myanmar Now

Crd

Leave a Reply

Your email address will not be published.