ဆားလင်းကြီး ကျားတက်တို-က်-ပွဲမှာ ကျဆုံးခဲ့တဲ့ ရေစကြိုပကဖ ရဲဘော် ဝလုံး ရဲ့ နာရေး၊
ကျားတက်ရဲစခန်းကို မဟာမိတ် လေးဖွဲ့က ငါးနာရီကျော်ကြာ တို-က်-ခို-က်ရာ စကစ ငါးယောက် ေ၁၁ပြီး ပြည်သူ့ ရဲဘော် နှစ်ဦးကျ၊
စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ စစ်ကူလာလို့ စခန်းမသိမ်းနိုင်၊
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာ ရဲစခန်းကို မနေ့က မနက်ပိုင်း ဒေသကာကွယ်ရေး မဟာမိတ်လေးဖွဲ့ ပေါင်းပြီး စခန်းသိမ်းတို-က်ပွဲ ဆင်နွှဲခဲ့ရာ စကစ ငါးယောက် ထက်မနည်း ေ၁၁သလို ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးတယ်လို့ သတင်း ရရှိပါတယ်။
အောက်တိုဘာ(၂)ရက် မနက်(၆)နာရီက စတင်ပြီး ဆားလင်းကြီးနယ်၊ ကျားတက်ရဲစခန်းကို Salingyi Special Task Force – SSTF ၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ နှင့် မြန်မာ့တော်ဝင် နဂါးတပ်တော် – MRDA တို့ ပူးပေါင်းကာ စီးနင်း တို-က်-ခို-က်ခဲ့တာ ဖြစ်ပြီး ငါးနာရီကျော်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့ကာ စကစတွေဘက်က ငါးယောက်ထက်မနည်း ေ၁၁ပြီး ထိခိုက်ဒဏ်ရာ ရသူတွေ ရှိသလို SSTF တပ်ဖွဲ့ဝင် ရဲဘော ်တစ်ဦးနှင့် ရေစကြို ပကဖ ခေါင်းဆောင်ပိုင်း တစ်ဦးဖြစ်တဲ့ ရဲဘော် ဝလုံး တို့ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကျားတက်စခန်းသိမ်း တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရေစကြို ပကဖ ခေါင်းဆောင်ပိုင်း တစ်ဦးဖြစ်သူ ရဲဘော် ဝလုံး ရဲ့ နာရေးကို ဒီနေ့ အောက်တိုဘာ(၃)ရက်မှာ ကျင်းပခဲ့တယ်လို့ ရေစကြို ပကဖ က ထုတ်ပြန်ပါတယ်။
“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပ.က.ဖ) ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သော ရဲဘော်ဝလုံး သည် အောက်တိုဘာ ( ၂ )ရက် ကျားတက်ရွာ စခန်းသိမ်-းတို-က်-ပွဲတွင် အကြ-မ်-ဖက် စ-စ်တပ်အား သတ္တိပြောင်စွာ တိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပ.က.ဖ)သည် ရဲဘော်ဝလုံးအား အာဇာနည် သူရဲကောင်းအဖြစ် ဂုဏ်ယူ မှတ်တမ်းတင်အပ်ပါသည်” လို့ ရေစကြို ပကဖ က ဖော်ပြပါတယ်။
ကျားတက်ရွာ ရဲစခန်းကို စီးနင်းတိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က ရဟတ်ယာဉ်နဲ့ စ-စ်ကူလာတဲ့အတွက် စခန်း မသိမ်းနိုင်ခဲ့ဘူးလို့ ဆားလင်းကြီး Salingyi Special Task Force – SSTF တပ်ဖွဲ့က MFP ကို ပြောပါတယ်။
“ရဟတ်ယာဉ်နှစ်စီး လာတယ်။ ပစ်တယ်၊ ဗုံးကြဲတယ်။ ခွေးတွေ ချပေးတယ်။ တစ်နာရီလောက် ကြာတယ်။ ပစ်နေတာ” လို့ SSTF ရဲဘော်က မနေ့က တိုက်ပွဲဖြစ်စဉ်ကို ပြောပါတယ်။
ဒါ့အပြင် ညနေ(၄)နာရီမှာလည်း စ-စ်အုပ်စုက ရဟတ်ယာဉ်တွေနဲ့ နောက်တစ်ကြိမ် လာရောက် ပစ်ခတ်ခဲ့သလို ကျားတက်စခန်းထဲ အင်အား တိုးချပေးသွားတယ်လို့ ဆိုပါတယ်။
ရဟတ်ယာဉ်နဲ့ pစ်Kတ်မှုမှာ ပြည်သူ့ရဲဘော်တွေ အထိအခိုက် မရှိပေမယ့် စစ်အုပ်စုက မဲမဲမြင်ရာ ပစ်ခတ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
PDF အင်အား (၂၀၀)လောက်နဲ့ စခန်းကို လာဝိုင်းပေမယ့် စခန်း အသိမ်းမခံရဘဲ ခုခံနိုင်ခဲ့တယ်လို့ စ-စ်အုပ်စုက ဆိုပါတယ်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းကလည်း မုံရွာမြို့ရဲ့ မြစ်တဖက်ကမ်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းတို-က်-ခို-က်-ခဲ့ပြီး အဲ့ဒီတုန်းက စ-စ်ကောင်စီ သစ္စာခံ ရဲ(၁၀)ယောက်ထက်မနည်း ေ၁၁ကာ စခန်းက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။