မုံရွာမြို့ပေါ်တွင် စုဝေးနေသော စစ်တပ်၊ ရဲနှင့် ပျူစောထီးများ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၁၀ ဦး သေဆုံး(ရုပ်/သံ)
ရန်ကုန်၊ အောက်တိုဘာ ၃
မုံရွာတိုင်းရုံးအနောက်ဘက်တွင် စုဝေးနေသော စစ် တပ်၊ ရဲနှင့် ပျူစောထီးများ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံးသွားကြောင်း မုံရွာမြို့ပေါ်မှ ပြည်သူ့ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် မုံရွာမြို့ တိုင်းရုံးများ အနောက်ဘက်လမ်းပေါ်တွင် ရှိနေသော စစ်တပ်၊ ရဲနှင့် ပျူစောထီးများ စုဝေးနေစဉ် ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း ၃ တပ်ရင်း ၄ ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း ၃ တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys )၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)
တပ်ရင်း – ၂ တပ်ရင်း ၃ တပ်ရင်း ၄ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ (Chindwin Attack Force IO )တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦး၊ ရဲ ၂ ဦး နှင့် ပျူစောထီး ၅ ဦး အထက် စုစုပေါင်း ၁၀ ဦးအထက်သေဆုံးကြောင်း မုံရွာ PDF များက ပူးပေါင်း ထုတ်ပြန်ထားသည်။
ရုပ်သံကြည့်ရန်???
ခရက်ဒစ်ဗီဒီယို