ရန်ကုန်တိုင်း၊ ကြံ့ခိုင်ရေးရုံးကို အဝေးထိန်းမို-င်းနှ-စ်လုံးဖြင့် ဖော-က်ခွဲ-တို-က်ခိုက်…

News

<ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကြံ့ဖွံရုံးကို ယနေ့ဩဂုတ် လ ၂၇ ရက်နေ့၊ ည ၉ နာရီက အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း GZDF အဖွဲ့က သတင်းထုတ်ပြန်သည်။

မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ ထွေအုပ်ရုံးအနီးရှိ ကြံ့ဖွံရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျက်စီးမှုအခြေအနေကိုမူ မသိရသေးပေ။
GZDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၊ ရဲနှင့် ထောက်တိုင်များအနီး သွားလာ၊ နေထိုင်ခြင်းမပြုကြရန် မေတ္တာရပ်ခံထားသည်။

“ကျွန်တော်တိုတော်လှန်ရေး ရဲဘော်များ ပြည်သူကိုအမှာစကား ပြောချင်တာတော့ အာဏာသိမ်းချိန်ကနေ ယနေ့အထိ စစ်ကောင်စီက ပြည်သူ့အပေါ် တော်လှန်ရေးရဲဘော်များအပေါ် မတရားအနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ခဲ့ပြီး အခုအချိန်တွင်

စစ်ကောင်စီဘက်က အဆတစ်ရာမက ပြန်ပေးဆပ်ရမယ့် အချိန်ဖြစ်သည့်အတွက် သွေးကြွေးကိုသွေးနဲ့ပြန်ဆပ် စေရပါမည်လို့ ကတိသစွာပြုအပ်ပါ သည်”ဟု သတင်းထုတ်ပြန်ထားသည်။

zawgyi




Crd

<

Leave a Reply

Your email address will not be published.