မိုင်း ကြောက်လို့ ဂျန်ပါတွေနဲ့ သွားလာနေတဲ့ စ-စ်ကားတန်းကို မို-င်းဆွဲခံရ

News

မန္တလေး – မုံရွာလမ်းမှာ မိုင်း ကြောက်လို့ ဂျန်ပါတွေနဲ့ သွားလာနေတဲ့ စစ်ကားတန်းကို မိုင်းဆွဲ၊ကားတစ်စီး ထိမှန်ပြီး စကစတွေ အသေအပျောက် ရှိနိုင်၊

MFP ၊ အောက်တိုဘာ – ၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပရွာအနီး၊ မန္တလေး – မုံရွာလမ်းပေါ်မှာ ဒီမနက်ပိုင်း မိုင်းကြောက်လို့ ဂျန်ပါကားတွေနဲ့ သွားလာနေတဲ့ စစ်အုပ်စုကားတန်းကို မိုင်းလေးလုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ကားတစ်စီး ထိမှန်ပြီး စကစတွေ အသေအပျောက် ရှိနိုင်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ခေါင်းဆောင် ကိုနွေဦးက ဆိုပါတယ်။


ဒီနေ့ မနက်(၁၁)နာရီခွဲမှာ စစ်ကိုင်းကနေ မုံရွာဘက် လာတဲ့ စစ်အုပ်စုရဲ့ ကားတန်းကို ဒေသကာကွယ်ရေး မဟာမိတ်တွေ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ယနေ့နံနက် (၁၁)နာရီခွဲမှာ စစ်ကိုင်းဘက်မှ မုံရွာဘက်လာတဲ့ ဂျန်ပါကား နှစ်စီးအပါ ခွေးကား ကားစီးကို အလ္လကပ္ပ အကျော်တွင် မြောင်အမျိုးသမီး စစ်သည်တော်တပ်မှ ထုတ်လုပ်သော ပြင်းအားမြင့် မိုင်းလေးလုံးနဲ့ တိုက်ခိုက်ရာ လေးစီးမြောက်ကားကို ထိမှန်ပြီး ကားမှာ လည်ထွက်သွားခဲ့ပါတယ်။ ဒဏ်ရာရနှင့် ခွေးသေများ ရှိနိုင်ပေမယ့် တိကျတဲ့ အကောင်အရေ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ပါသည်” လို့ ကိုနွေဦးက ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။


အဲ့ဒီ တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM၊ မြောင်အမျိုးသမီး စစ်သည်တော်တပ် – M2W၊ Black Eagle Defense Force – မြင်းမူ၊ မြင်းမူမြို့ပြပြောက်ကျားအဖွဲ့ – CRF၊ People Defense Force MMU PDF နှင့် မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲခံရကာ စကစတွေ ထိခိုက်သေဆုံးပြီးနောက် အနီးဝန်းကျင်ကို ရမ်းကားပစ်ခတ်နေတဲ့ စစ်အုပ်စုကို မြောင် TGR အမျိုးသမီး ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ မြောင် TGR တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေကတော့ တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။

မန္တလေး – မုံရွာ လမ်းတလျှောက် မကြာခဏ မိုင်းဆွဲ တိုက်ခိုက်ခံနေရတဲ့ စစ်အုပ်စုဟာ ခိုးရာပါ ပစ္စည်းတွေကို အရပ်သားကားတွေနဲ့ တင်ဆောင် သယ်ယူတာတွေ လုပ်နေသလို လူနာတင်ကားတွေ၊ ပရဟိတကားတွေ အသုံးပြုကာ အသွင်ယူ ပုံဖျက် သွားလာနေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။


မိုင်းတပ်ဆင် ထုတ်လုပ်နေတဲ့ မြောင်အမျိုးသမီး စစ်သည်တော် – M2W တပ်ဖွဲ့က ရဲဘော် တစ်ဦး/Photo – Ko Nway Oo

မႏၲေလး – မုံရြာလမ္းမွာ မိုင္း ေၾကာက္လို႔ ဂ်န္ပါေတြနဲ႔ သြားလာေနတဲ့ စစ္ကားတန္းကို မိုင္းဆြဲ၊ကားတစ္စီး ထိမွန္ၿပီး စကစေတြ အေသအေပ်ာက္ ရွိနိုင္၊

MFP ၊ ေအာက္တိုဘာ – ၂

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္၊ အလႅကပၸရြာအနီး၊ မႏၲေလး – မုံရြာလမ္းေပၚမွာ ဒီမနက္ပိုင္း မိုင္းေၾကာက္လို႔ ဂ်န္ပါကားေတြနဲ႔ သြားလာေနတဲ့ စစ္အုပ္စုကားတန္းကို မိုင္းေလးလုံးနဲ႔ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ရာ ကားတစ္စီး ထိမွန္ၿပီး စကစေတြ အေသအေပ်ာက္ ရွိနိုင္တယ္လို႔ ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးႏွင့္ လုံျခဳံေရးအဖြဲ႕ – CDSOM ေခါင္းေဆာင္ ကိုေႏြဦးက ဆိုပါတယ္။

ဒီေန႔ မနက္(၁၁)နာရီခြဲမွာ စစ္ကိုင္းကေန မုံရြာဘက္ လာတဲ့ စစ္အုပ္စုရဲ့ ကားတန္းကို ေဒသကာကြယ္ေရး မဟာမိတ္ေတြ ပူးေပါင္းၿပီး မိုင္းဆြဲ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။


“ယေန႔နံနက္ (၁၁)နာရီခြဲမွာ စစ္ကိုင္းဘက္မွ မုံရြာဘက္လာတဲ့ ဂ်န္ပါကား ႏွစ္စီးအပါ ေခြးကား ကားစီးကို အလႅကပၸ အေက်ာ္တြင္ ေျမာင္အမ်ိဳးသမီး စစ္သည္ေတာ္တပ္မွ ထုတ္လုပ္ေသာ ျပင္းအားျမင့္ မိုင္းေလးလုံးနဲ႔ တိုက္ခိုက္ရာ ေလးစီးေျမာက္ကားကို ထိမွန္ၿပီး ကားမွာ လည္ထြက္သြားခဲ့ပါတယ္။ ဒဏ္ရာရႏွင့္ ေခြးေသမ်ား ရွိနိုင္ေပမယ့္ တိက်တဲ့ အေကာင္အေရ အတည္ျပဳနိုင္ရန္ စုံစမ္းေနဆဲ ျဖစ္ပါသည္” လို႔ ကိုေႏြဦးက ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

အဲ့ဒီ တိုက္ခိုက္မႈကို ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးႏွင့္ လုံျခဳံေရးအဖြဲ႕ – CDSOM၊ ေျမာင္အမ်ိဳးသမီး စစ္သည္ေတာ္တပ္ – M2W၊ Black Eagle Defense Force – ျမင္းမူ၊ ျမင္းမူၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ – CRF၊ People Defense Force MMU PDF ႏွင့္ ျမင္းမူလၽွပ္စီး ေျပာက္က်ားအဖြဲ႕တို႔ ပူးေပါင္း လုပ္ေဆာင္ခဲ့တာလို႔ ဆိုပါတယ္။

မိုင္းဆြဲခံရကာ စကစေတြ ထိခိုက္ေသဆုံးၿပီးေနာက္ အနီးဝန္းက်င္ကို ရမ္းကားပစ္ခတ္ေနတဲ့ စစ္အုပ္စုကို ေျမာင္ TGR အမ်ိဳးသမီး ဒ႐ုန္းတပ္ဖြဲ႕က ဒ႐ုန္းနဲ႔ ထပ္မံ တိုက္ခိုက္ခဲ့တယ္လို႔ ေျမာင္ TGR တပ္ဖြဲ႕ ေခါင္းေဆာင္ ဗိုလ္တိုက္ဂါးက ဆိုပါတယ္။

အဲ့ဒီ တိုက္ခိုက္မႈႏွင့္ ပတ္သက္ၿပီး သက္ဆိုင္ရာ တပ္ရင္း၊ တပ္ဖြဲ႕ေတြကေတာ့ တရားဝင္ ထုတ္ျပန္တာ မရွိေသးပါဘူး။


မႏၲေလး – မုံရြာ လမ္းတေလၽွာက္ မၾကာခဏ မိုင္းဆြဲ တိုက္ခိုက္ခံေနရတဲ့ စစ္အုပ္စုဟာ ခိုးရာပါ ပစၥည္းေတြကို အရပ္သားကားေတြနဲ႔ တင္ေဆာင္ သယ္ယူတာေတြ လုပ္ေနသလို လူနာတင္ကားေတြ၊ ပရဟိတကားေတြ အသုံးျပဳကာ အသြင္ယူ ပုံဖ်က္ သြားလာေနတယ္လို႔ ေဒသခံ ေတာ္လွန္ေရး အင္အားစုေတြက ေျပာပါတယ္။

မိုင္းတပ္ဆင္ ထုတ္လုပ္ေနတဲ့ ေျမာင္အမ်ိဳးသမီး စစ္သည္ေတာ္ – M2W တပ္ဖြဲ႕က ရဲေဘာ္ တစ္ဦး/Photo – Ko Nway Oo

crd

Leave a Reply

Your email address will not be published.