မြို့လယ်ခေါင်မှာ လုံခြုံရေးယူနေသည့် ရဲတစ်ဦး ပ-စ်သ–တ်ခံရ

News

>

ပန်းဘဲတန်းတွင် လုံခြုံရေးယူနေသည့် ရဲတစ်ဦး ပစ်သတ်ခံရ

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလမ်းမပေါ် ရှိ မဟာသိမ်တော်ကြီးတွင် လုံခြုံရေးယူနေသော ရဲတစ်ဦး ယနေ့ စက်တင်ဘာ ၂၉ မွန်းလွဲပိုင်း၌ ပစ်သတ်ခံရပြီး တစ်ဦး ဒဏ်ရာရကြောင်း သိရသည်။

မွန်းလွဲ ၃ နာရီခွဲခန့်တွင် ကွမ်းယာသွားဝယ်နေစဉ် ပစ်သတ်ခံရခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Myanmar Now ၏ သတင်းရင်းမြစ်က ပြောသည်။

ထိုသို့ ပစ်သတ်ခံရပြီးပြီးချင်း မဟာဗန္ဓုလလမ်းဘလောက်ရှိ ရွှေတိဂုံဘုရားလမ်းမှ ရွှေဘုံသာလမ်းအထိ လမ်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးနေကြောင်း၊

ညနေ ၄ နာရီခွဲခန့်၌ သိမ်တော်ကြီးအနီးတစ်ဝိုက်ရှိ ပြည်သူများကို ခေါ်ယူရိုက်နှက်နေကြောင်း၊ ရန်ကုန်မြေပြင်သတင်းများ ပေးပို့နေသည့် Rangoon Scout Network ၏ တယ်လီဂရမ်တွင် ဖော်ပြထားသည်။

ပုံစာ-ရန်ကုန်မြို့တွင် လုံခြုံရေးယူနေသော ရဲတစ်ဦးကို ယခုနှစ် ဩဂုတ် ၁၅ က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

crd

Leave a Reply

Your email address will not be published.