xစ်ကေ-ာင်-စီမှာပါဝင်နေတဲ့သူတွေ အရပ်အမောင်းနဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ်အချိုးအစားရှိစေရေး ဝိတ်လျှော့ကြရန် ခိုင်းစေ

News

စ-စ်ကောင်စီမှာပါဝင်နေတဲ့သူတွေ အရပ်အမောင်းနဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ်အချိုးအစားရှိစေရေး ဝိတ်လျှော့ကြရန် မင်းအောင်လှိုင် ခိုင်းစေ


ရန်ကုန်၊ အောက်တိုဘာ ၂

အကြမ်းဖက်စစ်ကောင်စီမှာပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အရပ်အမောင်းနဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ်အချိုးအစားရှိစေရေး ဝိတ်လျှော့ကြရန် မင်းအောင်လှိုင်က ခိုင်းစေလိုက်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ မှာ မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်ကို တိုင်း၊ ပြည်နယ်နဲ့ နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီမှာပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေဆီအားလုံးကို ပေးပို့ ညွှန်ကြားလိုက်တာလည်းဖြစ်ပါတယ်။


စစ်ကောင်စီက ခန့်အပ်ထားတဲ့သူတွေအနေနဲ့ အရပ်အမောင်းနဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ်အချိုးအစား ရှိမှသာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သွားလာလှုပ်ရှားမှု ကောင်းမွန်မှာဖြစ်ကြောင်း၊ Body Mass Index-BMI ခန္ဓာကိုယ် အချိုးအစားနဲ့ အနီးအစပ်ဆုံး ဖြစ်ရေး ခန္ဓာကိုယ် အရပ်အမောင်းနဲ့ ကိုက်ညီတဲ့ အလေးချိန်ရှိစေရေး အလေးထား ဂရုပြု ဆောင်ရွက်သွားရမယ်လို့ မင်းအောင်လှိုင်က ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်ဟာ အစည်းအဝေးတွေမှာ သူတစ်ယောက်တည်း အဆုံးအစမရှိ ပြောချင်ချင်ရာ ပြောနေတတ်တာ၊ သူ့မိန်းမနဲ့ သူ ဘယ်လို ကြိုးစား ရုန်းကန်ခဲ့ပြီး ဒီနေရာကို ရောက်လာတယ်ဆိုတာမျိုး၊ သူ့မိန်းမဟာ အင်မတန်တော်သူဖြစ်ကြောင်း ၊ စတဲ့ ကိုယ်ရည်သွေးမှုတွေကို မကြာခဏ ပြောဆိုတတ်သလို စစ်ကောင်စီနဲ့ တိုင်းပြည်နယ်အဆင့်တွေမှာ ရှိနေတဲ့ ခန့်အပ်ခံ ပုဂ္ဂိုလ်တွေ ဝိတ်လျှော့ရမယ်ဆိုတဲ့ ခိုင်းစေမှုတွေ အထိ ညွှန်ကြား လာတာလည်းဖြစ်ပါတယ်။


ဓာတ်ပုံ- ရုပ်ပျက်နေသည့် မင်းအောင်လှိုင်နှင့် ဝိတ်အလွန်တက်နေသည့် ၀ဏ္ဏမောင်လွင်။

– မင်းအောင်လှိုင်၏ ညွှန်ကြားစာတွင် လုံခြုံရေးကုတ်များ ပါဝင်နေသဖြင့် စာပြန်စီ ရိုက်နှိပ်ဖော်ပြထာသည်။

စစ္ေကာင္စီမွာပါဝင္ေနတဲ့သူေတြ အရပ္အေမာင္းနဲ႔ ကိုက္ညီတဲ့ ခႏၶာကိုယ္အခ်ိဳးအစားရွိေစေရး ဝိတ္ေလၽွာ့ၾကရန္ မင္းေအာင္လွိုင္ ခိုင္းေစ

ရန္ကုန္၊ ေအာက္တိုဘာ ၂

အၾကမ္းဖက္စစ္ေကာင္စီမွာပါဝင္ေနတဲ့ ပုဂၢိဳလ္ေတြအေနနဲ႔ အရပ္အေမာင္းနဲ႔ ကိုက္ညီတဲ့ ခႏၶာကိုယ္အခ်ိဳးအစားရွိေစေရး ဝိတ္ေလၽွာ့ၾကရန္ မင္းေအာင္လွိုင္က ခိုင္းေစလိုက္တယ္လို႔ သိရပါတယ္။


စက္တင္ဘာ ၃၀ ရက္ေန႔ မွာ မင္းေအာင္လွိုင္ရဲ့ ညႊန္ၾကားခ်က္ကို တိုင္း၊ ျပည္နယ္နဲ႔ ေနျပည္ေတာ္မွာရွိတဲ့ စစ္ေကာင္စီမွာပါဝင္ေနတဲ့ ပုဂၢိဳလ္ေတြဆီအားလုံးကို ေပးပို႔ ညႊန္ၾကားလိုက္တာလည္းျဖစ္ပါတယ္။

စစ္ေကာင္စီက ခန႔္အပ္ထားတဲ့သူေတြအေနနဲ႔ အရပ္အေမာင္းနဲ႔ ကိုက္ညီတဲ့ ခႏၶာကိုယ္အခ်ိဳးအစား ရွိမွသာ က်န္းမာေရးနဲ႔ ညီညြတ္ၿပီး သြားလာလႈပ္ရွားမႈ ေကာင္းမြန္မွာျဖစ္ေၾကာင္း၊ Body Mass Index-BMI ခႏၶာကိုယ္ အခ်ိဳးအစားနဲ႔ အနီးအစပ္ဆုံး ျဖစ္ေရး ခႏၶာကိုယ္ အရပ္အေမာင္းနဲ႔ ကိုက္ညီတဲ့ အေလးခ်ိန္ရွိေစေရး အေလးထား ဂ႐ုျပဳ ေဆာင္ရြက္သြားရမယ္လို႔ မင္းေအာင္လွိုင္က ညႊန္ၾကားလိုက္တာျဖစ္ပါတယ္။


အၾကမ္းဖက္ မင္းေအာင္လွိုင္ဟာ အစည္းအေဝးေတြမွာ သူတစ္ေယာက္တည္း အဆုံးအစမရွိ ေျပာခ်င္ခ်င္ရာ ေျပာေနတတ္တာ၊ သူ႔မိန္းမနဲ႔ သူ ဘယ္လို ႀကိဳးစား ႐ုန္းကန္ခဲ့ၿပီး ဒီေနရာကို ေရာက္လာတယ္ဆိုတာမ်ိဳး၊ သူ႔မိန္းမဟာ အင္မတန္ေတာ္သူျဖစ္ေၾကာင္း ၊ စတဲ့ ကိုယ္ရည္ေသြးမႈေတြကို မၾကာခဏ ေျပာဆိုတတ္သလို စစ္ေကာင္စီနဲ႔ တိုင္းျပည္နယ္အဆင့္ေတြမွာ ရွိေနတဲ့ ခန႔္အပ္ခံ ပုဂၢိဳလ္ေတြ ဝိတ္ေလၽွာ့ရမယ္ဆိုတဲ့ ခိုင္းေစမႈေတြ အထိ ညႊန္ၾကား လာတာလည္းျဖစ္ပါတယ္။

ဓာတ္ပုံ- ႐ုပ္ပ်က္ေနသည့္ မင္းေအာင္လွိုင္ႏွင့္ ဝိတ္အလြန္တက္ေနသည့္ ၀ဏၰေမာင္လြင္။

– မင္းေအာင္လွိုင္၏ ညႊန္ၾကားစာတြင္ လုံျခဳံေရးကုတ္မ်ား ပါဝင္ေနသျဖင့္ စာျပန္စီ ရိုက္ႏွိပ္‌ေဖာ္ျပထာသည္။

crd

Leave a Reply

Your email address will not be published.