မောင်တောမြောက်ပိုင်း မိုင်တိုင် (၄၀) နယ်ခြားစောင့်xခန်း အေအေသိ-မ်းပိုက်

News


မောင်တောမြောက်ပိုင်း မိုင်တိုင် (၄၀) နယ်ခြားစောင့်စခန်း အေအေသိ-မ်းပိုက်

နိရဉ္စရာ၊ ဩဂုတ် ၃၁/ ၂၀၂၂

မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ် မိုင်တိုင် (၄၀) နယ်ခြားရဲစခန်းအား ရက္ခိုင့်တပ်တော် (AA)မှ ယနေ့ နံနက်က သိမ်းပိုက်လိုက်ပြီဟု သတင်းရရှိသည်။

ထိုသို့ ၎င်းစခန်းကို ယနေ့ သိမ်းပိုက်ရရှိခဲ့ခြင်းကို အေအေတာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

၎င်းမိုင်တိုင်(၄၀) နယ်ခြားစခန်းအား အေအေတပ်ဖွဲ့ဝင်များက ရက်အနည်းငယ်ကြာ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ပြီးနောက် ယနေ့ နံနက်က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ၎င်းစခန်းမကျရေးအတွက် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်ဖြင့် စစ်ကူပစ်ခတ်မှုများ ပြုလုပ်ပြီး ကာကွယ်ပေးခဲ့သော်လည်း နောက်ဆုံးတွင် အေအေရဲဘော်များက သိမ်းပိုက်ရရှိသွားခဲ့သည်ဟု ဆိုသည်။

Myanmar Police ဖေ့စ်ဘုတ်စာမျက်နာတွင်လည်း ၎င်းစခန်းကျသွာပြီးဟု အတည်ပြု ရေးသားထားသည်

၎င်းပြင် “AA အင်အား (၃၀၀) ကျော်က မြန်မာ-ဘင်္ဂလာ မိုင်တိုင် (၄၀) နယ်ခြားစောင့်ရဲစခန်းအားတိုက်ခိုက်၊ မိမိတို့ ရဲတပ်ဖွဲ့ဝင်အင်အား(၂၀) ခန့်က “ ငါသေမှ ငါ့စခန်းရမယ် “ စံ ပြသကာ နိုင်ငံတော်အတွက် ခုခံကာကွယ်ရင်း အသက်ပေးလှူခဲ့ကြ”၊ ယနေ့မနက် စခန်းကျ။ 31.8.2022” ဟု ရေးသားထားသည်။

(ဓာတ်ပုံ- ယခင်ပုံဟောင်း)

ေမာင္ေတာေျမာက္ပိုင္း မိုင္တိုင္ (၄၀) နယ္ျခားေစာင့္စခန္း ေအေအသိမ္းပိုက္

နိရဥၥရာ၊ ဩဂုတ္ ၃၁/ ၂၀၂၂

ျမန္မာ-ဘဂၤလာေဒ့ရွ္ နယ္စပ္ မိုင္တိုင္ (၄၀) နယ္ျခားရဲစခန္းအား ရကၡိဳင့္တပ္ေတာ္ (AA)မွ ယေန႔ နံနက္က သိမ္းပိုက္လိုက္ၿပီဟု သတင္းရရွိသည္။

ထိုသို႔ ၎စခန္းကို ယေန႔ သိမ္းပိုက္ရရွိခဲ့ျခင္းကို ေအေအတာဝန္ရွိသူ တစ္ဦးက အတည္ျပဳ ေျပာၾကားသည္။

၎မိုင္တိုင္(၄၀) နယ္ျခားစခန္းအား ေအေအတပ္ဖြဲ႕ဝင္မ်ားက ရက္အနည္းငယ္ၾကာ ဝိုင္းဝန္းပိတ္ဆို႔ တိုက္ခိုက္ၿပီးေနာက္ ယေန႔ နံနက္က ေအာင္ျမင္စြာ သိမ္းပိုက္နိုင္ခဲ့ျခင္း ျဖစ္သည္။

စစ္ေကာင္စီသည္ ၎စခန္းမက်ေရးအတြက္ ရဟတ္ယာဥ္မ်ား၊ တိုက္ေလယာဥ္ျဖင့္ စစ္ကူပစ္ခတ္မႈမ်ား ျပဳလုပ္ၿပီး ကာကြယ္ေပးခဲ့ေသာ္လည္း ေနာက္ဆုံးတြင္ ေအေအရဲေဘာ္မ်ားက သိမ္းပိုက္ရရွိသြားခဲ့သည္ဟု ဆိုသည္။

Myanmar Police ေဖ့စ္ဘုတ္စာမ်က္နာတြင္လည္း ၎စခန္းက်သြာၿပီးဟု အတည္ျပဳ ေရးသားထားသည္

၎ျပင္ “AA အင္အား (၃၀၀) ေက်ာ္က ျမန္မာ-ဘဂၤလာ မိုင္တိုင္ (၄၀) နယ္ျခားေစာင့္ရဲစခန္းအားတိုက္ခိုက္၊ မိမိတို႔ ရဲတပ္ဖြဲ႕ဝင္အင္အား(၂၀) ခန႔္က “ ငါေသမွ ငါ့စခန္းရမယ္ “ စံ ျပသကာ နိုင္ငံေတာ္အတြက္ ခုခံကာကြယ္ရင္း အသက္ေပးလႉခဲ့ၾက”၊ ယေန႔မနက္ စခန္းက်။ 31.8.2022” ဟု ေရးသားထားသည္။

(ဓာတ္ပုံ- ယခင္ပုံေဟာင္း)

Leave a Reply

Your email address will not be published.