အာဏာအတွက် Xစ်သားများအသ-က်ပေးနေရပြီး Xစ်တ-ပ်ကအကြောင်းမဲ့ ရပ်ရွာများကိုဖျက်ဆီးနေရဟု ခမရ ၆CDM ဒုဗိုလ် ၀န်ခံထွက်ဆို(ရုပ်သံ)

News

အာဏာရူး မင်းအောင်လှိုင်အတွက် xစ်သားများ အသ-က်ပေးနေရပြီး xစ်တ-ပ်က အကြောင်းမဲ့ ပြည်သူ ပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေဟု ခမရ ၆ မှ CDM ဒုဗိုလ် ရဲရင့်အောင် ဝန်ခံ



xစ်ကောင်စီ၏ တ-မ ၆၆ လက်အောက်ခံ ခမရ ၆ မှ ဒုဗိုလ် ရဲရင့်အောင်သည် ကရင်နီပြည်သူ့ရင်ခွင်ထံ CDM ပြုလုပ် အလင်းဝင်ခဲ့ပြီး xစ်တ-ပ်က ကရင်နီပြည်တွင် စ-စ်ကြောင်းထိုး တို-က်ခိုက်စဉ် ပြည်သူပိုင်နေအိမ်များကို အကြောင်းမဲ့ မီးရှို့ခဲ့ကြသည်ဟု ဝန်ခံထွက်ဆိုသည်။



“ရန်သူက ဒီနေရာက လာပ-စ်တယ်။ ကျွန်တော် ပြောချင်တာက အိမ်ကို မီးရှို့စရာမလိုဘူး။ ရန်သူက သက်ရှိသတ္တဝါ လာပ-စ်တာ။ အိမ်က သက်မဲ့။ သူက ဒီတိုင်းနေလို့ရှိရင်။ ကျွန်တော်တို့လည်း ဒီလမ်းကြောင်းမသွားရင် သူတို့လည်း ဒီရှေ့က လာပြီးတော့ မပစ်ဘူး။ အဲဒါကြောင့် တောလမ်းကပဲ သွားစေချင်တယ်။

တောထဲမှာပဲ သူသေ ကိုယ်သေ။ ရွာတွေကို မထိခိုက်စေချင်ဘူးပေါ့။ ခုက ရွာတွေကို မီးရှို့တယ်။ အဲဒီလို ရှို့မယ်ဆိုလို့ဆိုရင် ရွာလုံးကျွတ်လိုက်ပြီးတော့ ရှို့ရမယ်ဆိုရင် ။ ပြည်ပxစ် မဟုတ်ဘူး ပြည်တွင်းxစ်ဆိုတော့ အိမ်တွေ အကုန်လုံး ကုန်သွားမှာပေါ့။



အိမ်တစ်လုံးဆောက်ဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ။ ပိုက်ဆံချမ်းသာတဲ့ လူပဲ ဖြစ်ပါစေ။ ဆင်းရဲတဲ့ လူပဲ ဖြစ်ပါစေ မလွယ်ဘူး ” CDM -ရဲရင့်အောင်က ဝန်ခံ ထွက်ဆိုသည်။

ရဲရင့်အောင်သည် အသက် ၁၄ နှစ်အရွယ်တွင် xစ်တ-ပ်ထဲ ကလေးxစ်သားအဖြစ် ရောက်လာခဲ့သူဖြစ်ပြီး ယခုအချိန်တွင် xစ်သက် ၁၁ နှစ် ရှိပြီဖြစ်ကြောင်း သိရှိရသည်။



လက်ရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် xစ်တပ်ကြား ဖြစ်ပွားနေသော တိုက်ပွဲများတွင် xစ်ကောင်စီဘက်မှ အထိနာနေပြီး တိုက်ပွဲများအတွင်း သေဆုံးခဲ့သည့် xစ်သားများသည် နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိပြီး သေခြင်းမဟုတ်ဘဲ အာဏာရူးများ၏ အမိန့်ကြောင့် သေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီ CDM ဝင်ရောက်တဲ့ အကြောင်းအရင်းကတော့ တပ်ထဲမှာ နေရာတာ မပျော်တော့တာလည်း ပါတယ်။ သူတို့ အာဏာရူးတွေနဲ့ သိပ်ပြီးတော့ အဆင်မပြေတော့ဘူးပေါ့။ နောက်ပြီးတော့ ထမ်းဆောင်ရတဲ့ တာဝန်တွေက သိပ်ပြီးတော့ အဆင်မပြေတာလည်း ပါတယ်။



ကိုယ့်မိဘလည်း စိတ်ချမယ်၊ လွတ်လပ်လပ်လပ်ပဲ နေချင်တာ များလာတော့ CDM ဝင်လိုက်တာပါ။ အာဏာရူးတဲ့ ကောင်တွေက အမိန့်ပေးလို့ တိုက်ပွဲမှာ သေတဲ့xစ်သားတွေမှာ ကိုယ့်ကိုယ်ကိုယ် နိုင်ငံတော်ပေါ်မှာ

သစ္စာစောင့်သိပြီး သေသွားတယ်ဆိုတာ မရှိဘူး။ အာဏာရူးတဲ့ ကောင်တွေက အမိန့်ပေးပြီး ခိုင်းတဲ့ အတွက် Free သက်သက် အသက်တစ်ချောင်းပေးလိုက်ရတယ်။



ပြီးတော့ အခုဖြစ်နေတာက ပြည်ပက လာတိုက်တဲ့ xစ်ပွဲ မဟုတ်ဘူး။ ပြည်တွင်းမှာဖြစ်တဲ့ xစ်ပွဲဆိုတာ သေချာဆုံးဖြတ်ပြီးတော့ တိုက်ရမယ့် xစ်ပွဲဖြစ်တဲ့အတွက် CDM ဝင်စေချင်တာပေါ့ အမှား အမှန် အမြန်ဆုံး သိစေချင်တယ်။” ဟု CDM အရာရှိ ရဲရင့်အောင်က ဆက်ပြောသည်။

လက်ရှိတွင် xစ်ကောင်စီလက်အောက်မှ ရုန်းထွက်ချင်သည့် xစ်သားများစွာ ရှိနေသော်လည်း တပ်တွင်း၌ မိသားစုများ ကျန်ရစ်နေသည့်အတွက် CDM ပြုလုပ်ရန် အခက်အခဲများ ရှိနေကြောင်း ၎င်းက ရှင်းပြသည်။

ကရင်နီပြည်သူ့ရင်ခွင်သည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ လက်အောက်ခံအဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိတွင် အဆိုပါအဖွဲ့၌ xစ်တပ်ကို လက်နက်ကိုင် ပြန်တိုက်နေသည့် CDM xစ်သားများ ရှိနေကြောင်း သိရှိရသည်။



Crd

Leave a Reply

Your email address will not be published.