၀မ်းတွင်းမြို့မှ ဖ-မ်းဆီးခံလိုက်ရသော အသက်၅၀ ကျော်အရွယ် CDM ကျောင်းဆရာ ၅ ရက်အကြာ…See More…

News

စက်တင်ဘာ ၂၃ တွင် အဖ-မ်းခံရသည့် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ ညောင်ပင်ရပ်ကွက်မှ အသက် ၅၀ ကျော်အရွယ် အလယ်တန်းပြဆရာ ဦးကျော်နိုင်ဝင်းသည် အဖ-မ်းခံရပြီး ၅ ရက်အကြာတွင် မိတ္ထီလာမြို့ xစ်ကြောရေးစခန်း၌ tayဆုံးသွားသည်ဟု သိရသည်။



ဆရာ ဦးကျော်နိုင်ဝင်းနှင့် ဇနီးဖြစ်သူတို့မှာ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြကြောင်း၊ ဇူလိုင်လအတွင်း ၎င်းတို့နှစ်ဦးကို ဝမ်းတွင်းရဲတပ်ဖွဲ့က တစ်ညတာ ဖ-မ်းဆီးချုပ်နှောင် ဖိအာပေးသဖြင့် လုပ်ငန်းခွင် ပြန်ဝင်စဉ် ထပ်မံဖ-မ်းဆီးခံရကာ tayဆုံးသွားခြင်းဖြစ်သည်ဟု ဝမ်းတွင်းမြို့ခံတစ်ဦးက ပြောသည်။



“ဆရာကြီးတော့ xစ်ကြောရေးမှာ ဆုံးသွားပြီ၊ အရိုးပြာတွေ ဘာမှမရဘူး၊ နောက်ထပ် ဘာမှလည်း မေးပိုင်ခွင့်မရှိဘူး၊ ဆရာကြီး (ဦးကျော်နိုင်ဝင်း) က ကျန်းမာရေးကောင်းတဲ့သူပါ” ဟု အဆိုပါ မြို့ခံက ပြောသည်။



အဖ-မ်းခံရခြင်းမှာ မှားယွင်းတိုင်ကြားသူရှိသောကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြောင်းလည်း ၎င်းက ဆက်ပြောသည်။



“နဂိုကတည်းက ဖွင့်ထားတဲ့ ဘော်ဒါဆောင်လေးကလည်း အောင်မြင်တော့ မကြေနပ်ကြလို့ တိုင်တာလို့ ယူဆရတယ်၊ ဘော်ဒါက အာဏာသိ-မ်းပြီးတော့ မသင်တော့ဘူး” ဟု သူက ပြောသည်။



ကျောင်းဆရာ xစ်ကြောရေးတွင် tayဆုံးသည်ဆိုသော ဖြစ်ရပ်နှင့် ပတ်သက်ပြီး xစ်ကောင်စီက ထုံးစံအတိုင်း သတင်းအမှောင်ချထားသည်။



ဆရာဦးကျော်နိုင်ဝင်းမှာ အာဏာမသိ-မ်းခင်က ဝမ်းတွင်းမြို့ အခြေခံပညာအလယ်တန်းကျောင်း အမှတ် (၅) တွင် လုပ်ကိုင်င်ခဲ့သူဖြစ်ပြီး ဖိအာဏာပေးခံရမှုကြောင့် အလုပ်ပြန်ဝင်ရချိန်တွင် ဝမ်းတွင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ခဲ့သည်။



ဇနီးဖြစ်သူ ဒေါ်မိမိလေးမှာ နှလုံးရောဂါအခံရှိသဖြစ် လက်ရှိတွင် ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။



ဆရာဦးကျော်နိုင်ဝင်းတို့ ဇနီးမောင်နှံတို့မှာ CDM ပြုလုပ်ခဲ့ကြကာ စ-စ်ကောင်စီက ဖွင့်လှစ်သည့် ကျောင်းများတွင် ကျောင်းမတက်ရန် လှုံ့ဆော်ခဲ့ခြင်းကြောင့် ပြင်းပြင်းထန်ထန်အရေးယူပေးရန် ဇူလိုင် ၃၁ တွင် xစ်ကောင်စီ ပညာရေးဝန်ကြီးဌာနထံ တိုင်ကြားခဲ့သူများရှိသည်ဟုလည်း သိရသည်။



xစ်ကောင်စီတ-ပ်၏ လက်ချက်ကြောင့်tayဆုံးခဲ့ရသူ အရပ်သားအရေအတွက် ၂,၃၂၆ ဦးထက်မနည်း ရှိနေသည်ဟု ဖ-မ်းဆီးမှုများကို လေ့လာနေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စက်တင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



နိုင်ငံအနှံ့တွင် ဆက်လက်ဖ-းဆီးခံနေရသူ ၁၂,၅၄၃ ထက်မနည်း ရှိနေသည်၊ ထိုအထဲတွင် ပညာရေးနယ်ပယ်မှ ၉၈၀ ပါဝင်ပြီး ကျောင်းဆရာ၊ ဆရာမ ၂၃၄ ဦး ပါဝင်သည်ကို AAPP စာရင်းများတွင် တွေ့ရသည်။
Credit Myanmar Now

Leave a Reply

Your email address will not be published.