PDF လေးတွေမှ တပိုင်တနိုင် ရေအားလျှပ်စစ် ထုတ်လုပ်အောင်မြင်

News

PDF ကလေး တပ်ရင်း (၁၂) မှ တပိုင်တနိုင် ရေအားလျှပ်စစ် ထုတ်လုပ်အောင်မြင်

ဂျူနို

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ

PDF(Kalay) တပ်ရင်း ၁၂ မှ အတတ်ပညာရှင်များ ပူးပေါင်းကာ တောင်ကျချောင်းမှ ရေသွယ်၍ တစ်နိုင်တစ်ပိုင်ရေအားလျှပ်စစ် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရသည်။

“အဓိကစိတ်ကူးတာတော့ ကုန်ကျစရိတ်သက်သာဖို့ ပြည်သူတွေအခက်အခဲတွေ ကြားထဲက အလှူခံရတာ အားနာလို့၊ အတတ်နိုင်ဆုံး ပြည်သူတွေထောက်ပံ့ပေးတာ သက်သာဖို့။

လက်နက်ထုတ်လုပ်ရေးပိုင်းမှာရော အဓိက လိုအပ်နေတာ လျှပ်စစ်မီးပါဗျာ။ ဒါ့ကြောင့် တပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်ပြီး တပ်သားတွေနဲ့ လုပ်ခဲ့တာပါ။ ကုန်ကျစရိတ်အနေနဲ့ လေးသိန်းဝန်းကျင်လောက်ကျပါတယ်။” ဟု Kalay PDF တပ်ရင်း (၁၂) မှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကိုပြောသည်။

PDF Kalay တပ်ရင်း (၁၂) မှ ထုတ်လုပ်သော တစ်နိုင်တစ်ပိုင် ရေအားလျှပ်စစ်အား စက်တင်ဘာလ ၂၁ ရက်နေ့က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်အသုံးပြုခဲ့ကြောင်း သိရသည်။

“အကျိုးအမြတ်ကတော့ ကုန်ကျစရိတ်သက်သာတာပေါ့။ တောင်ပေါ်ဒေသဆိုတော့ နေရောင်လည်းလုံလောက် မှုမရဝောာ့ Solar တွေ အမြဲအားကိုးလို့မရဘူးဗျာ။ အခုဆို စကားပြောစက်တွေ ၊ ဖုန်းတွေ အားသွင်းဖို့ ၂၄နာရီ မီးရတော့ အဆင်ပြေတာပေါ့ ။

ဓာတ်ဆီ သုံးစွဲမှုလည်း မရှိသလောက်ပါပဲဗျာ။အကျိုးကျေးဇူးတော့ အများကြီးပေါ့။” ဟု ရေအားလျှပ်စစ်မှ ရရှိသော အကျိုးအမြတ်နှင့်ပတ်သက်၍ PDF Kalay တပ်ရင်း (၁၂) က ရဲဘော်တစ်ဦးကဆိုသည်။

အဆိုပါ ရေအားလျှပ်စစ်သည် လျှပ်စစ်ဓါတ်အား watts 2,000 ခန့် ထုတ်လုပ်နိုင်ပြီး ကုန်ကျစရိတ်လည်း အလွန်သက်သာကြောင်း သိရှိရပြီး ယခုလက်ရှိတွင်တော့ မီးကြိုးလိုအပ်နေ၍ လိုအပ်သလောက်အသုံးပြု၍အဆင်မပြေသေးကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)

mizzima

Crd

Leave a Reply

Your email address will not be published.