ထောင်နံရံကြားမှ တိုးထွက်လာတဲ့ နွေဦးကမွေးဖွားပေးလာတဲ့ ဆောင်းဦးလေပြေ

News

ပရိသတ်အချစ်တော် အဆိုတော်မလေး ပိုပို ကတော့ သီချင်းကောင်းလေးတွေကို သူမရဲ့ထူးခြားတဲ့ အသံလေးနဲ့ ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် သီဆိုနိုင်တာကြောင့်



ပရိသတ်တွေရဲ့ အသည်းစွဲအဆိုတော်မလေး တစ်ဦးအဖြစ်နဲ့ ဂီတလောကမှာ အောင်မြင်စွာ ရပ်တည်နိုင်သူလေး တစ်ဦးလည်းပဲ ဖြစ်ပါတယ်နော်။



ပွင့်လင်းရိုးသားတဲ့ ပြောဟန်လေးနဲ့ သူမရဲ့ ယောက်ျားဆန်ဆန် ပုံစံလေးကလည်း ပရိသတ်တွေအတွက် တစ်မူ ထူးခြားလွန်းတာကြောင့် ပိုမိုချစ်ခင်ကြရ ပြန်ပါတယ်။



ပိုပိုရဲ့ထွက်သမျှ သီချင်းတိုင်းနီးပါးဟာလည်း လူကြိုက်များကာ ကျော်ကြားခဲ့ပြီး သူမရဲ့သီချင်းသစ်တွေကို ပရိသတ်တွေ စောင့်မျှော် အားပေးရတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။



သူမ ဟာ သီချင်းဆိုရာမှာ ပရိသတ်တွေနဲ့ ရင်ဘတ်ခြင်း ထပ်တူကျရုံ သမာက မတရာမှုတွေကိုလည်း ပြည်သူတွေနဲ့အတူ ဆန့်ကျင် ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။



ဒါကြောင့်လည်း ပုဒ်မ ၅၀၅ ကနဲ့ မတရားသဖြင့် တရားစွဲဆိုခံရပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။



အဆိုတော်ပိုပိုတစ်ယောက် အင်းစိန်ထောင်မှာ အကျဥ်းကျခံနေရတာကြောင့် ချစ်တဲ့ပရိသတ်တွေက စိတ်မကောင်းဖြစ်နေ ကြရပါတယ်။



သူမကလည်း ချစ်တဲ့ပရိသတ်တွေကို အရမ်းကိုလွမ်းနေတယ်ဆိုတဲ့ အကြောင်းကို မန်နေဂျာမှ တစ်ဆင့် အခုလို သတင်းစကားလေးပါး လာခဲ့ပါတယ်နော်။



“အမှာစကားလေး ပါးလိုက်လို့ပါ ရန်ကုန်fan မုံရွာကfan မန္တလေးကfan တွေကော အားလုံးကို သတိရနေပါကြောင်းနဲ့ တစ်နိုင်ငံလုံးက ချစ်တဲ့ ပရိတ်သတ်တွေကိုကော သတိရကြောင်းနဲ့နေကောင်း ကျန်းမာဖို့ အမြဲဆုတောင်းပေးနေပါတယ်။ အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါလို့ အမှာပါးလိုက်ပါတယ် ပုံလေးတွေကတော့

အလွမ်းပြေ တင်ပေးလိုက်တယ်နော် လွမ်းနေကြမှာစိုးလို့။ ခုဆို ဆံပင်အတော်ရှည်နေရောပေါ့ ” လို့ ပိုပို ရဲ့ တရားဝင် အကောင့်မှာ ရေးသားထားတာကို တွေ့ရပါတယ်။



အဆိုတော် ပိုပိုဟာ တစ်နိုင်ငံလုံးက ချစ်တဲ့ပရိသတ်တွေကို လွမ်းနေပါတယ်တဲ့နော် ။ ဖတ်ရှု့အားပေးနေကြတဲ့ ပရိသတ်ကြီးတို့အနေနဲ့လည်း ချစ်ခင်အားပေးရတဲ့



အဆိုတော်ပိုပို တစ်ယောက် အမြန်ဆုံး ပြန်လည်လွတ်မြောက်ကာ သူမ ချစ်သော မိသားစုနှင့် ပရိသတ်ပြည်သူများအား အမြန်ပြလည် ဆုံတွေ့နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ပေးခဲ့ကြပါအုံးနော်။crd

Leave a Reply

Your email address will not be published.